ရှေ့သို့
Image

ဗန်ဒီဘိခ်နဲ့ ဟယ်ရီဝင့်ခ်ကို ခေါ်ယူဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့် ပယ်ချခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

10:30 AM, 2 February

လိဒ်စ်ယူနိုက်တက်အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဒွန်နီဗန်ဒီဘိခ်နဲ့ ဟယ်ရီဝင့်ခ်တို့ နှစ်ဦးကို  ခေါ်ယူဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့် ပယ်ချခံတယ်လို့ သိရပါတယ်။ လိဒ်စ်ယူနိုက်တက်ဟာ ဒီရာသီမှာ တန်းဆင်းရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ဇန်နဝါရီအပြောင်းအရွှေ့မှာတော့ ကစားသမား တစ်ဦးတည်းသာ ခေါ်ယူခဲ့ပါတယ်။

နည်းပြမာဆယ်လိုဘီရယ်ဆာရဲ့အသင်းဟာ တန်းဆင်းဇုန်အထက် ၇ မှတ်မှာသာရှိနေပေမယ့်လည်း အသင်းလူစာရင်းကို အများကြီးမပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဇန်နဝါရီမှာ အယ်လန်ရုတ်ဒ်ကို ရောက်လာတဲ့ တစ်ဦးတည်းသော ကစားသမားကတော့ အက်စ်ပန်ညိုကနေ ပြောင်းရွှေ့လာတဲ့ ၁၈ နှစ်အရွယ် တိုက်စစ်မှူး မတ်တီယိုဂျိုးဆက်ဖာနန်ဒက်ဇ်ဖြစ်ပြီး ယူ ၂၃ အသင်းမှာ အရင်ဆုံး ကစားသွားမှာ ဖြစ်ပါတယ်။

လိဒ်စ်ဟာ ဇန်နဝါရီမှာ ဗဟိုကွင်းလယ်လူ တစ်ဦးကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သတင်းတွေအရတော့ လိဒ်စ်ဟာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်နဲ့ တော့တင်ဟမ်ရဲ့ ဝင့်ခ်တို့ကို အငှားခေါ်ယူဖို့ ကမ်းလှမ်းမှုကို ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။ နည်းပြဘီရယ်ဆာဟာ ဇန်နဝါရီမှာ ကစားသမားသစ်တွေ ခေါ်ယူတာထက် ပိုကောင်းတဲ့ ကစားသမားစာရင်းကို ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်နေပါတယ်။

နည်းပြကြီးဘီရယ်ဆာဟာ ပရီးမီးယားလိဂ်ကို တန်းတက်လာပြီးကတည်းက အသင်းမှာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခြင်း မရှိသေးပဲ ကစားသမားခေါ်ယူမှုအတွက် ကုန်ကျစရိတ်အများအပြား ကုန်ကျတာမျိုးကို မလိုချင်ဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ နောက်ဆုံးတော့ နယ်သာလန်လက်ရွေးစင် ဗန်ဒီဘိခ်က အဲဗာတန်ကို အငှားနဲ့ပြောင်းရွှေ့သွားခဲ့ပြီး ဝင့်ခ်ကတော့ တော့တင်ဟမ်မှာသာ ဆက်နေခဲ့ပါတယ်။

အေဂျက်ဇ်အမှုဆောင်ချုပ် အက်ဒွင်ဗန်ဒါဆာက ဗန်ဒီဘိခ် ဂွတ်ဒီဆင်ပါ့ခ်ကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် သူ့ရဲ့အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကို မသိမသာလေး ဝေဖန်ခဲ့ပါတယ်။ ဗန်ဒီဘိခ်ရဲ့ အပြောင်းအရွှေ့ကို ကြေညာထားတဲ့ အင်စတာဂရမ်ပို့အောက်မှာ ဗန်ဒါဆာက “အင်္ဂလန်အနောက်မြောက်ပိုင်းက ကလပ်မှာ ပိုပြီးကံကောင်းပါစေ ဒွန်နီရေ”ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။

#လိဒ်စ်ယူနိုက်တက် #အပြောင်းအရွှေ့ #ဟယ်ရီဝင့်ခ် #ဗန်ဒီဘိခ်