ရှေ့သို့
Image

မင်းလုပ်နိုင်တာကို သက်သေပြလိုက်စမ်း ငါကောင့်ရာ ဆိုပြီး ဗန်ဒီဘိခ်ကို အားပေးစကားဆိုလိုက်တဲ့ ရက်ရှ်ဖို့ဒ်

3:26 PM, 1 February

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်က အဲဗာတန်အသင်းထံ အငှားဖြင့် ပြောင်းရွှေ့သွားတဲ့ ဒွန်နီ ဗန်ဒီဘိခ်အား စိတ်အားထက်သန်စေမယ့် မက်ဆေ့်ချ် ပေးပို့လိုက်ပါတယ်။

ဗန်ဒီဘိခ်ရဲ့ အငှားသတင်း အပေါ်မှာ ရက်ရှ်ဖို့ဒ်က တွစ်တာတွင် react လုပ်ခဲ့တာ ဖြစ်ပြီး “ငါ့ကောင်ရေ မင်းလုပ်နိုင်တာကို သူတို့ကို ပြလိုက်စမ်းပါ”ဟု ရေးသားထားသည်။ အဲဗာတန်အသင်းထံ ဗန်ဒီဘိခ်ဟာ ၂၀၂၁-၂၂ ရာသီအကုန်အထိ ၆လအငှားဖြင့် ရောက်ရှိခဲ့တာ ဖြစ်ပြီး အပြီးသတ် ခေါ်ယူခွင့်အချက်တော့ မပါခဲ့ပါဘူး။ ဒါကြောင့် အဲဗာတန်မှာ ခြေစွမ်းပြနိုင်ရင်တောင် အဆုံးမှာ နယ်သာလန်သားဟာ အိုးထရက်ဖို့ဒ်ထံ ပြန်ရောက်လာမှာ ဖြစ်ပါတယ်။

အသက်၂၄နှစ်သားဟာ ပုံမှန်ပွဲထွက်ခွင့် ရရေး မန်ချက်စတာယူနိုက်တက်ကနေ ဇန်နဝါရီလအပြောင်းအရွှေ့မှာ ထွက်ခွာရန် စိတ်အားထက်သန်ခဲ့တာ ဖြစ်ပါတယ်။သူဟာ နည်းပြဟောင်း ဆိုးလ်ရှားလက်ထက်မှာ နေရာမရခဲ့သလို ရန်းနစ်လက်ထက်မှာလည်း ထူးပြီးမလာခဲ့ပါဘူး။

၂၀၂၀က အေဂျက်ကနေ ပေါင်သန်း၄၀ဖြင့် ရောက်လာသော်လည်း ယခုနှစ်အတွင်း ဗန်ဒီဘိခ်ဟာ ယူနိုက်တက်အတွက် လိဂ်ပွဲ ၈ပွဲသာ ကစားပေးထားရပါတယ်။ ထို၈ပွဲအားလုံးကလည်း အရန်ခုံကနေချည်း ဝင်ကစားခဲ့ရတာ ဖြစ်ပါတယ်။ သူအနေနဲ့ ပြိုင်ပွဲစုံ သရဲနီတွေအတွက် ပွဲ၅၀ ကစားပေးခဲ့ပြီး ၂ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

နယ်သာလန်သားဟာ ဖေဖော်ဝါရီလ ၈ရက် နယူးကာဆယ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲတွင် အဲဗာတန်အတွက် ပွဲဦးထွက်ကစားလာဖွယ် ရှိပါတယ်။ အဲဗာတန်ဟာ လက်ရှိ ပရီးမီးယားလိဂ်ဇယား ရပ်တည်မှုတွင် အဆင့်၁၆နေရာတွင် ရှိနေပြီး ပွဲ၂၀မှာ ၁၉မှတ်သာ ရရှိထားကာ နည်းပြသစ်အဖြစ် ဖရန့်လမ်းပတ်ကို ခန့်အပ်ထားပါတယ်။

တဖက်မှာ မန်ချက်စတာယူနိုက်တက်ဟာလည်း အဆင့်၄နေရာတွင် ရှိနေကာ လာမယ့်ပွဲတွေဟာ အရေးပါတဲ့ပွဲတွေ ဖြစ်ပါတယ်။ အက်ဖ်အေဖလား စတုတ္ထအဆင့်အဖြစ် မစ်ဒယ်ဘရော့နဲ့ ရင်ဆိုင်သွားမှာ ဖြစ်ပြီး အဲဒီနောက် ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ဘန်လေရဲ့ အိမ်ကွင်းသို့သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ထိုနောက် ချန်ပီယံလိဂ်၁၆သင်းအဆင့်တွင် လာလီဂါချန်ပီယံ အက်သလက်တီကိုနဲ့ရင်ဆိုင်ကစားမှာ ဖြစ်ပြီး ပထမအကျောအဖြစ် မက်ဒရစ်တွင် ဖေဖော်ဝါရီ ၂၃ရက်နေ့မှာ ကစားသွားဖို့ရှိပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရက်ရှ်ဖို့ဒ် #ဗန်ဒီဘိခ်