ရှေ့သို့
Image

ဘန်ဒီဘိခ်ရဲ့ ကစားသမားဘဝ တဖန် ပြန်လည်စတင်လာနိုင်မယ် - ဟယ်ရီရက်ပ်နက်

1:12 PM, 1 February

ယူနိုက်တက် ကစားသမား ဘန်ဒီဘိခ်ဟာ အဲဗာတန်အသင်းကို ပြောင်းရွေ့တာဟာ သူ့ရဲ့ ကစားသမားဘဝကို တဖန်ပြန်လည် သစ်လွင်လာစေမယ့်လို့ ဟယ်ရီ ရပ်နက်က ပြောခဲ့ပါတယ်။

ဒိုနီဟာ အဲဗာတန်အသင်းကို ရာသီကုန်အထိ သွားရောက်ကစားတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် Talksport မှာ စပါးနဲ့ ပို့စ်မောက်နည်းပြဟောင်းရက်ပ်နက်က အခုလိုမျိုး အသင်းပြောင်းတာက ဒိုနီအတွက် လုပ်ကို လုပ်သင့်တဲ့ ကိစ္စလို့ ပြောလိုက်ပါတယ်။

တချို့ကတော့ အဲဗာတန်နည်းပြသစ် လမ်းပတ်ဟာ ၂၀၂၀/၂၀၂၁ ရာသီကုန်ခါနီးထဲက အသင်းမှာ ပုံမှန်ကစားခွင့် မရတဲ့ ကစားသမားကို ခေါ်ယူတာက စွန့်စားတဲ့ ခေါ်ယူမှုလို့ သုံးသပ်ထားကြပါတယ်။ သူဟာ ယူနိုက်တက်အသင်းအတွက် ယခုရာသီမှာ လူစားလဲ ကစားသမားအဖြစ်နဲ့ ကစားချိန် စုစုပေါင်းကြည့်ရင်မှ မိနစ် ၇၀ ခန့်သာ ရှိထားတာ ဖြစ်ပါတယ်။ သူ့ရဲ့ ပွဲထွက် ကစားခဲ့ရတဲ့ နောက်ဆုံးပွဲဟာ ချန်ပီယံလိဂ် မှာ ယန်းဘွိုင်း အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး ထိုပွဲဟာ ဒီရာသီ သူ့ရဲ့ ဒုတိယမြောက်ပွဲထွက် ကစားရခြင်းလဲဖြစ်ပါတယ်။

လမ်းပတ်ကလဲ အဲဗာတန်အသင်းကို ယခု မှ စတင်ကိုင်တွယ်ရမှာ ဖြစ်ပြီး အဲဗာတန်အသင်းဟာ နည်းပြဟောင်း ဘင်နီတက်ကို နောက်ဆုံးကိုင်တွယ်ခဲ့တဲ့ ၁၄ ပွဲမှာတစ်ပွဲသာ အနိုင်ရအောင် စွမ်းဆောင်ထားနိုင်ခဲ့လို့ အသင်းက ထုတ်ပယ်ခဲ့တာပါ။ အဲ့ဒါကြောင့်လဲ အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ်ဇယားအလယ်မှာ မရပ်တည်နိုင်ပဲ တန်းဆင်းဇုန်နား ပိုနီးကပ်နေတာ ဖြစ်ပါတယ်။  

ဒါ့ကြောင့် နည်းပြအသစ်နဲ့အတူ အသင်းရဲ့ အခြေအနေ ရလဒ်တွေ ပြန်လည်ပိုကောင်းလာဖို့ မျှော်လင့်ချက်တွေမှာ ဘန်ဒီဘိခ်ကလဲ တစိတ်တပိုင်း ပါဝင်လာတာပါ။

ရက်ပ်နက်က "ဖရန့်က သူရလဒ်ကောင်းရဖို့ လိုတယ်ဆိုတာ သိပါတယ်။ အသင်းကလဲ ရလဒ်ကောင်းလိုချင်လို့ရှေ့က နည်းပြကို ထုတ်ပယ်လိုက်တာပါ။ သူဟာ ယူနိုက်တက်က ကစားသမားလေးကို ဒီနေ့ ရနိုင်ပါတယ်။ ဒီကစားသမားလေးဟာ သူ့ရဲ့ ကစားသမားဘဝကို အသက်ပြန်သွင်းဖို့ အခွင့်အရေးပါပဲ""သူဟာ အခုအချိန်မှာ ယုံကြည်မှု နည်းကောင်းနည်းနေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ သူ့ကို သူဘယ်လို ကောင်းကောင်း ကစားနိုင်တယ်ဆိုတာ အေဂျက်နဲ့ အတူမြင်ခဲ့ပြီးပါပီ။ သူ့ကို ဖရန့်က ဘယ်လို အကောင်းဆုံး အသုံးပြုသလဲဆိုတာ အပေါ်မူတည်နေပါတယ်"လို့ ရက်ပ်နက်က ပြောခဲ့ပါတယ်။

ဗန်ဒီဘိခ်ကတော့ အကောင်းဆုံး ကွင်းလယ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်တဲ့ လမ်းပတ်နဲ့ အတူတူ တွဲ အလုပ်လုပ်ခွင့်ရတော့မှာပါ။ လမ်းပတ်ရဲ့ မန်နေဂျာတစ်ယောက် အရည်အချင်းဟာ တခါတခါမှာ မေးခွန်းထုတ်ချင်စရာ ကောင်းပေမယ့် သူ့ရဲ့ ကွင်းအတွင်း ပညာ အတွေ့အကြုံ ပြည့်ဝမှုကတော့ သံသယဖြစ်စရာ မရှိပါဘူး။

ဖရန့်အနေနဲ့ သူ့ရဲ့ ကစားသမားအတွေ့ အကြုံတွေကို အဲဗာတန်နည်းပြ ပြုလုပ်တဲ့အခါ အကောင်းဆုံး ဖလှယ်အသုံးချနိုင်ရင် သူ့ရဲ့ နည်းပြ ဘဝလဲ ပြန်လည်တောက်ပလာမှာပါ။

#မန်ချက်စတာယူနိုက်တက် #ဗန်ဒီဘိခ် #ရက်ပ်နက်