ရှေ့သို့
Image

အသင်းဖော်ဟောင်း အက်ရှ်လေကိုးကို အဲဗာတန် နည်းပြအဖွဲ့ထဲ ခေါ်ယူသွားချင်နေတဲ့ ဖရန့်လမ်းပတ်

1:07 PM, 1 February

အဲဗာတန်နည်းပြသစ် ဖြစ်လာတဲ့ ဖရန့်လမ်းပတ်ဟာ အသင်းဖော်ဟောင်းဖြစ်သူ အက်ရှ်လေကိုးအား နည်းပြအဖွဲ့ထဲ ခေါ်ယူသွားချင်နေကြောင်း သိရသည်။ လမ်းပတ်နှင့် အက်ရှ်လေကိုးတို့ဟာ ချဲလ်ဆီးမှာ အသင်းဖော်ဟောင်းဖြစ်သလို ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပြီး ဒါဘီကောင်တီမှာ လမ်းပတ်နည်းပြ ဖြစ်တော့လည်း အက်ရှ်ကိုးကို ဘယ်နောက်ခံနေရာအတွက် ခေါ်ယူခဲ့ဖူးကာ နောက်ပိုင်းမှာ နည်းပြအဖွဲ့ထဲ ဆွဲသွင်းခဲ့ဖူးပါတယ်။

၂၀၁၉ခုနှစ်တွင် လမ်းပတ် ချဲလ်ဆီးနည်းပြ ဖြစ်လာတော့လည်း ကိုးလ်က သူရဲ့အသင်းဟောင်း ချဲလ်ဆီးအကယ်ဒမီနည်းပြအဖြစ် တာဝန်ထမ်းဆောင်ကာ ထက်ကြပ်မကွာ လိုက်လာခဲ့ပါတယ်။ အဲဒီနောက်မှာ ကိုးလ်ဟာ အင်္ဂလန်ယူ၂၁ နည်းပြ လီကာစလေရဲ့ လက်ထောက်မန်နေဂျာအဖြစ် လုပ်ကိုင်နေပါတယ်။

လက်ရှိမှာတော့ လမ်းပတ်ဟာ သူရဲ့ နည်းပြအဖွဲ့တွေ စုစည်းနေချိန်မှာ အက်ရှ်လေကိုးအား အဖွဲ့ဝင်အဖြစ် ပူးပေါင်းလိုနေတာ ဖြစ်တယ်လို့The Evening Standard ရဲ့ ဖော်ပြချက်အရ သိရသည်။ အလားတူ အန်ဆယ်လော့တီလက်ထောက်နည်းပြဟောင်း ဖြစ်ခဲ့ဖူးတဲ့ ပေါလ်ကလီမန်ဟာလည်း လမ်းပတ်ရဲ့ လက်ထောက်နည်းပြအဖြစ် ရောက်ရှိလာဖွယ် ရှိနေသည်။

ချဲလ်ဆီးနဲ့ လမ်းပတ်နဲ့အတူ အက်ရှ်လေကိုးဟာ ဆုဖလား ၉လုံးအထိ ဆွတ်ခူးခဲ့ဖူးသူ ဖြစ်ပါတယ်။ အက်ရှ်လေကိုးလ်အနေနဲ့လည်း နည်းပြလောကထဲမှာ တဖြည်းဖြည်းချင်း အတွေ့အကြုံတွေ ယူနေပြီး ဘယ်လိဂ် ဘယ်အသင်းဘဲ ဖြစ်စေ ကိုင်တွယ်သွားဖို့အဆင်သင့် ရှိနေတယ်လို့ ယူ၂၁နည်းပြဖြစ်လာစဉ်က ဖွင့်ဟထားခဲ့ပါတယ်။

#ချဲလ်ဆီး #အဲဗာတန် #လမ်းပတ် #အက်ရှ်လေကိုး