ရှေ့သို့
Image

ဘော်ဒိုးမှာ ရာသီကုန်အထိ အငှားကစားခွင့်အား ငြင်းဆန်ခဲ့တဲ့ ယူနိုက်တက်နောက်ခံလူ ဖီးလ်ဂျုံးစ်

1:00 PM, 1 February

မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဖီးလ်ဂျုံးစ်ဟာ ပြင်သစ်ကလပ် ဘော်ဒိုးအသင်းထံ အငှားသွားကစားခွင့်အား ငြင်းဆန်ပယ်ချခဲ့ပါတယ်။ အသက်၂၉နှစ်သားဟာ အငှားထွက်ကစားကာ ပုံမှန်ပွဲထွက်ခွင့်ရဖို့မျှော်မှန်းခဲ့ပေမယ့် ပြင်သစ်လိဂ်မှာ ကစားဖို့စိတ်ကူးမရှိခဲ့ဟန် တူပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းဟာ ယခုနှစ်အတွင်း ဝုဗ်နဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်တစ်ပွဲသာ ပါဝင်ခွင့် ရထားပြီး ကြံခိုင်မှု ပြည့်အောင် စွမ်းဆောင်ထားပြီးနောက် ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေခြင်းကို စိတ်ပျက်လျက် ရှိပါတယ်။ ဂျုံးစ်က သူရဲ့ယူနိုက်တက်မှာ ရှိနေတဲ့ အနေအထားကို ဆုံးဖြတ်ရန် အချိန်ယူ စဉ်းစားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဘော်ဒိုးကလပ်ရဲ့ အငှားကမ်းလှမ်းချက်အား ယခုမနက်တွင် ငြင်းဆန်စကား ဆိုခဲ့သည်။

အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း နောက်ခံလူ ကိုစီရယ်နီအား ပထမအသင်းကနေ ဖယ်ရှားလိုက်ပြီးနောက် သောကြာနေ့က အသက်၃၄နှစ်အရွယ် ဘရာဇီးနှင့် လိုင်ယွန်နောက်ခံလူ မာဆယ်လိုအား ဘော်ဒိုးအသင်း ခေါ်ယူအားဖြည့်ခဲ့ပေမယ့် နောက်ထပ် ဝါရင့်နောက်ခံလူတစ်ဦး ခေါ်ယူလိုခဲ့တာ ဖြစ်ပါတယ်။

ဘော်ဒိုးအပြင် တခြားသော အင်္ဂလန်ကလပ်များကလည်း ဂျုံးစ်ကို စိတ်ဝင်စားခဲ့ပေမယ့် အငှားသာ ခေါ်ယူဖို့ရှိခဲ့ပြီး အပြီးသတ် ခေါ်ယူချင်တဲ့ အသင်း ရှားပါးခဲ့တာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖီးလ်ဂျုံးစ်