ရှေ့သို့
Image

မိုရာတာရဲ့ ဘာစီလိုနာသို့ ပြောင်းရွှေ့မှုကို ပိတ်ပင်ခဲ့တဲ့ ဆီမြွန်နီ

9:17 AM, 1 February

ဆီမြွန်နီဟာ တိုက်စစ်မှုး မိုရာတာရဲ့ ဘာစီလိုနာသို့ ပြောင်းရွေ့မှုကို ပိတ်ပင်ခဲ့ပါတယ်လို့ 90min က ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ တိုက်စစ်မှုးဟာ ဂျူဗင်တပ်စ်မှာ အငှားသွားရောက်ကစားနေတာ ဖြစ်ပြီး ဇန်နဝါရီ အပြောင်းအရွေ့ ဈေးကွက်မှာ ဘာစီလိုနာက ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ သို့သော်လည်း အက်သလက်တီကိုမက်ဒရစ် ဟာ အသင်းရဲ့တိုက်စစ်မှုးကို ဘာစီလိုနာသို့ စေလွှတ်ဖို့ ဆန္ဒမရှိတဲ့အတွက် အပြောင်းအရွေ့က ပျက်ပြယ်ခဲ့ပါတယ်။

ဒါဟာ ဆီမြွန်နီကြောင့် ဖြစ်ပါတယ်။ နည်းပြကြီးဟာ ပြိုင်ဘက်ဘာစီလိုနာအသင်းထံသို့ မိုရာတာရဲ့အပြောင်းအရွေ့ ကို တားဆီးခဲ့တာ ဖြစ်ပါတယ်လို့ 90min က ဖော်ပြထားပါတယ်။ အပြောင်းအရွေ့နောက်ဆုံးရက် မတိုင်ခင် ဘာစီလိုနာဟာ တိုက်စစ်မှုးကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ပါတယ်လို့ ပြီးခဲ့ တဲ့ ရက်သတ္တပတ်က သိရှိခဲ့ရပါတယ်။ ဇာဗီဟာ စပိန်သားကို သဘောကျနေသူ ဖြစ်ပြီး ကလပ်သို့ ခေါ်ယူလိုနေတာပါ။

အခုတော့အပြောင်းအရွေ့ကို ဆီမြွန်နီက ပိတ်ပင်ခဲ့တာဖြစ်ပြီး ဘာစီလိုနာဟာ အူဘာမီယန်းကိုခေါ်ယူဖို့ လုပ်ဆောင် ခဲ့ရတာပါ။ ကလပ်ဟာ ဂါဘွန်နိုင်ငံသားကို အရင်ကတည်းက စိတ်ဝင်စားနေတာ ဖြစ်သော်လည်း မိုရာတာရဲ့ ဒုတိယ အစီစဉ်သာ ဖြစ်ခဲ့ပါတယ်။

အငှားပြောင်းရွေ့မှုအတွက် ဆေးစစ်ရန် အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းဟာ ဒီမနက်မှာ စပိန်သို့ရောက်ရှိ ခဲ့ပါတယ်။ အငှားချနိုင်ခဲ့တဲ့အတွက် အာဆင်နယ်ဟာ တိုက်စစ်မှုးအတွက် လစာသက်သာခဲ့ပြီး အူဘာမီယန်းကတော့ လစာလျော့ယူရမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ မိုရာတာကို ခေါ်ယူဖို့ ဆက်သွယ်ခဲ့သော်လည်း ကစားသမားနှင့် ဆွေးနွေးပြီးနောက်မှာတော့ ခေါ်ယူဖို့ မလုပ်ဆောင်နိုင်ခဲ့ပါဘူးလို့ သိရှိရပါတယ်။

#မိုရာတာ #အပြောင်းအရွှေ့ #ဆီမြွန်နီ ဘာစီလိုနာ