ရှေ့သို့
Image

တော့တင်ဟမ်ကွင်းလယ်လူ အယ်လီကို ခေါ်ယူလိုက်တဲ့ အဲဗာတန်နည်းပြ လမ်းပတ်

11:05 PM, 31 January

အဲဗာတန်အသင်းဟာ နည်းပြသစ် လမ်းပတ်လက်ထက် ဒုတိယမြောက်ခေါ်ယူမှုအဖြစ် တော့တင်ဟမ်ကွင်းလယ်လူ အယ်လီကို အမြဲတမ်းစာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ တော့တင်ဟမ်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရတဲ့ အယ်လီဟာ အဲဗာတန်နဲ့ ၂နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အဲဗာတန်အတွက် သူကစားတာ ပွဲ ၂ဝပြည့်တာနဲ့ ကနဦးပြောင်းရွှေ့ကြေးအဖြစ် အဲဗာတန်က ပေါင် ၁၀သန်းပေးချေရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၇နှစ်က အမ်ကေဒွန်းစ်ကနေ ပေါင် ၅သန်းနဲ့ ရောက်ရှိခဲ့တဲ့ အယ်လီဟာ တော့တင်ဟမ်အတွက် စုစုပေါင်း ၂၆၉ပွဲမှာ ၆၇ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆၁ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီး တိုက်စစ်အသားပေးနည်းပြဖြစ်တဲ့ လမ်းပတ်ရဲ့လက်အောက်မှာ ကစားသမားဘ၀ ပြန်လည်တောက်ပလာဖို့ ကြိးစားတော့မှာဖြစ်ပါတယ်။

#ေတာ့တင္ဟမ္ #အပြောင်းအရွှေ့ #အယ်လီ