ရှေ့သို့
Image

အီဒါဆန်ကို ကျော်ဖြတ်ပြီး စကော့တ်ကာဆင်ကို ရွေးချယ်ခဲ့တဲ့ ရူဘင်ဒီယက်စ်

2:12 PM, 31 January

မန်စီးတီးနောက်ခံလူ ရူဘင်ဒီယက်စ်က five-a-side အသင်းမှာ အသင်းဖော် မန်စီးတီးဂိုးသမား အီဒါဆန်ထက် အငြင်းပွားဖွယ်ရှိနေတဲ့ စကော့တ်ကာဆင်ကို ရွေးချယ်လိုက်ပါတယ်။ အသက် ၂၈ နှစ်သားဟာ ဂွါဒီယိုလာရဲ့စီးတီးအသင်း ပရီးမီးယားလိဂ် ၃ ကြိမ်ရယူနိုင်ခဲ့ရာမှာ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက စီးတီးအသင်းချန်ပီယံဆုနဲ့လွဲချော်ခဲ့ပေမယ့် ဘရာဇီးသားက ပေးဂိုးမရှိတဲ့ ၁၉ ပွဲနဲ့ ဒုတိယအကြိမ်မြောက် ရွှေလက်အိတ်ဆုကို ရရှိခဲ့ပါတယ်။ သို့ပေမယ့် အီဒါဆန်တစ်ယောက် စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ဒီယက်စ်ရဲ့ five-a-side အသင်းမှာတော့ မပါဝင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးနောက်ခံလူကတော့ ဂိုးသမားနေရာမှာ ကာဆန်ကိုသာ ရွေးချယ်ခဲ့ပါတယ်။ "အက်ဒီက ကျွန်တော့်နှလုံးသားထဲမှာပါ။ ဒါပေမယ့် ကျွန်တော် စကော့တ်ကိုပဲ ရွေးချယ်မှာပါ။ သူ့လိုကစားသမားမျိုးအသင်းမှာ ရှိတယ်ဆို နိုင်ဖို့သေချာပါတယ်"လို့ ဒီယက်စ်က ပြောကြားခဲ့ပါတယ်။ ဒီယက်စ်ရဲ့ရွေးချယ်မှုမှာ ကာဆန်တစ်ဦးတည်းအငြင်းပွားဖွယ်မဟုတ်ပဲ ဒီဘရိုင်းလည်း မပါဝင်ခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံသားဟာ စီးတီးအတွက် ဒီရာသီမှာ ခြေစွမ်းကောင်းတွေပြသနေပြီး ၆ ဂိုး သွင်းယူပေးထားကာ ချဲလ်ဆီးနဲ့ပွဲမှာ လှပတဲ့အဝေးကန်ချက်နဲ့ ၁ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခြားအသင်းဖော်တွေဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗား နဲ့ ဂန်ဒိုဂန်တို့ကိုတော့ ရွေးချယ်ခဲ့ပါတယ်။

နောက်ထပ်လည်း ကန်ဆယ်လိုကို နောက်တန်းနေရာမှာ ရွေးချယ်ခဲ့ပါတယ်။ "ကျွန်တော် ဘာနာဒိုကို ရွေးချယ်ပါမယ်။ သူက ဒီအသင်းမှာ ပါသင့်တဲ့သူပါ။ ပြီးတော့ စွယ်စုံကစားသမားပါ။ သူနဲ့ပွဲအနည်းငယ်လောက်ပဲကစားရပေမယ့် သူကကျွန်တော့်ကို အထင်ကြီးစေပါတယ်။ နောက်တန်းနေရာမှာတော့ ကန်ဆယ်လိုကိုပဲ ရွေးရပါမယ်။ ဘာလို့လဲဆို သူက ညာခြေကော ဘယ်ခြေပါ ကစားနိုင်စွမ်းရှိပါတယ်။ နောက်ထပ်ကွင်းလယ်မှာတော့ ဂန်ဒိုဂန်ကို ရွေးချယ်ရပါလိမ့်မယ်။ သူဘောလုံးရသကို ပေးစွမ်းနိုင်ပါတယ်"လို့ ဒီယက်စ်က ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #အပြောင်းအရွှေ့ #အီဒါဆန် #ဒီယက်စ်