ရှေ့သို့
Image

ယနေ့အတွက် နောက်ဆုံးရအပြောင်းအရွှေ့ သတင်းတိုများ

11:11 AM, 31 January

ပေါ်တိုတောင်ပံကစားသမား ဒီယက်ဇ်ကို ခေါ်ယူလိုက်ပြီဖြစ်တဲ့ လီဗာပူး
=====================================
ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းဟာ ပေါ်တိုတောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၇.၅သန်းနဲ့ ခေါ်ယူလိုက်ပြီး အပိုဆုကြေးတွေ ပေါင် ၁၅သန်းပေးဖို့လည်း သဘောတူညီခဲ့ပါတယ်။ ကိုလံဘီယာလက်ရွေးစင် ဒီယက်ဇ်ဟာ လီဗာပူးအသင်းနဲ့ ၂၀၂၇ အထိ ရှိမယ့် ကာလရှည်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး အရင်တုန်းက တော့တင်ဟမ်ကို ရောက်ဖို့ နီးစပ်ခဲ့ပေမယ့် ပေါင် ၃၈သန်းနဲ့ တော့တင်ဟမ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ ဒီယက်ဇ်ဟာ ယခုရာသီ ပေါ်တူဂီပရီးမီးယားလီဂါမှာ ၁၈ပွဲကစား ၁၄ဂိုးသွင်းယူကာ ၅ဂိုး ဖန်တီးပေးခဲ့ပြီး ပေါ်တိုကလည်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

လိုင်ယွန်ကွင်းလယ်ခံစစ်သမား ဂူမာရေးစ် နယူးကာဆယ်ကို ရောက်လာ
==================================
ပရီးမီးယားလိဂ်မှာ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ နယူးကာဆယ်ဟာ လိုင်ယွန်ကွင်းလယ်လူ ဘရူနိုဂူမာရေးစ်ကို ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိ ဘရာဇီးနိုင်ငံသား ဂူမာရေးစ်ဟာ နယူးကာဆယ်နဲ့ ၄နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့ပြီး ထရစ်ပီယာနဲ့ ခရစ္စဝုဒ်တို့ပြီးနောက် ယခုဈေးကွက်အတွင်း နယူးကာဆယ်အသင်းရဲ့တတိယမြောက်ကစားသမားသစ်ဖြစ်လာပါတယ်။ နယူးကာဆယ်ဟာ ဂူမာရေးစ်အတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၅သန်း ပေးချရမှာဖြစ်ပြီး တကယ်လို့ ရာသီအကုန်မှာ တန်းမဆင်းရရင် ဂူမာရေးစ်ရဲ့အသင်းဟောင်း ပါရာနန်စီအသင်းက ပြောင်းရွှေ့ကြေးရဲ့ ၂၀ ရာခိုင်နှုန်း ရရှိမှာဖြစ်ပါတယ်။

တော့တင်ဟမ်ကွင်းလယ်လူ အယ်လီကို အငှားနဲ့ခေါ်ယူဖွယ်ရှိနေတဲ့ အေစီမီလန်
========================================
အေစီမီလန်အသင်းဟာ တော့တင်ဟမ်မှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ကွင်းလယ်လူ အယ်လီကို အငှားနဲ့ခေါ်ယူဖွယ်ရှိနေပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်း အယ်လီဟာ ယခုရာသီမှာလည်း ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးနေရပြီး အသင်းကလည်း သူ့ကို ရောင်းထုတ်ဖု့ိ ပြင်ဆင်နေပါတယ်။

မာဆေးလ်နောက်ခံလူ ကာလီတာကားကို ပေါင် ၁၈သန်းနဲ့ကမ်းလှမ်းလိုက်တဲ့ ဝက်စ်ဟမ်း
============================================
ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ ဝက်စ်ဟမ်းဟာ မာဆေးလ်အသင်းနောက်ခံလူ ကာလီတာကားကို ခေါ်ယူဖို့ ပေါင် ၁၈သန်းနဲ့ ကမ်းလှမ်းလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိ ကာလီတာကားဟာ ပြီးခဲ့တဲ့နှစ်က ဝက်စ်ဟမ်းအသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချလိုက်ပေမယ့် ယခုအခါ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ဝက်စ်ဟမ်းက အဆိုပါကစားသမားကို ကာလကြာရှည်ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဇီယက်ချ်ကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ ဘိုင်ယန်လည်း ပါဝင်လာ
===================================
သတင်းတွေရဲ့ဖော်ပြချက်အရ ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်ဟာ ချဲလ်ဆီးတောင်ပံကစားသမား ဇီယက်ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဘိုင်ယန်ဟာ ဈေးကွက်မပိတ်ခင် မော်ရိုကိုနိုင်ငံသား ဇီယက်ချ်ကို အငှားနဲ့ခေါ်ယူပြီး အငှားသက်တမ်းကုန်ဆုံးချိန်မှာ အပြီးသတ်ခေါ်ယူခွင့်လည်း ထည့်သွင်းဖွယ်ရှိနေကြောင်း သိရပါတယ်။

ဝုဗ်တောင်ပံကစားသမား ထရာအိုရေးကို ပြန်လည်ခေါ်ယူလိုက်တဲ့ ဘာစီလိုနာ
===================================
ဘာစီလိုနာအသင်းဟာ ဝုဗ်တောင်ပံကစားသမား အဒါမာထရာအိုရေးကို ယခုရာသီကုန်အထိရှိမယ့် အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပြီး နွေရာသီမှာ ပေါင် ၂၉သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်လည်း ထည့်သွင်းချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ တော့တင်ဟမ်အသင်းက ထရာအိုရေးကို ခေါ်ယူဖို့ ပေါင် ၁၅သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး ပေါင်သန်း ၂၀ နဲ့ ထပ်မံကမ်းလှမ်းပေမယ့် ကစားသမားဖြစ်သူက တော့တင်ဟမ်မှာ နေရာစုံကစားရနိုင်မှုကြောင့် လက်မခံဘဲ အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အန်ကီတီယာအတွက် ပဲလေ့စ်ရဲ့ဒုတိယမြောက်ကမ်းလှမ်းမှုကိုလည်း အာဆင်နယ် ပယ်ချ
=========================================
အာဆင်နယ်အသင်းဟာ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၆လပဲ ကျန်တော့တဲ့ လူငယ်တိုက်စစ်မှူး အန်ကီတီယာအတွက် ပဲလေ့စ်အသင်းထံမှ ဒုတိယမြောက်ကမ်းလှမ်းမှုကိုလည်း ပယ်ချလိုက်ကြောင်း သိရပါတယ်။ ပဲလေ့စ်ဟာ အသက် ၂၂နှစ်အရွယ်ရှိ အန်ကီတီယာကိုခေါ်ယူဖို့ နွေရာသီကလည်း ကြိုးစားခဲ့ဖူးပြီး လေဗာကူဆင်အသင်းကလည်း သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေရာ နွေရာသီကျမှ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။

#အပြောင်းအရွှေ့ #ဒီယက်ဇ် #အယ်လီ #ဂူမာရေးစ်