ရှေ့သို့
Image

စာချုပ်သစ်မချုပ်ဆိုဖြစ်ပါက စတာလင်ကို နွေရာသီမှာ ရောင်းချဖို့ ပြင်ဆင်နေတဲ့ မန်စီးတီး

11:06 AM, 31 January

မန်စီးတီးအသင်းဟာ စာချုပ်သစ်အဆင်မပြေခဲ့ဘူးဆိုရင် နွေရာသီမှာ စတာလင်အတွက် ကမ်းလှမ်းမှုတွေကို နားစွင့်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ်သားဟာ လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးဖို့ ၁၈ လသာကျန်တော့တာဖြစ်ကာ စီးတီးအတွင်းလူတွေရဲ့အဆိုအရ စာချုပ်သစ်အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

စီးတီးကတော့ စတာလင်ကိုအသင်းမှာ ကာလရှည်ဆက်ထိန်းနိုင်ဖို့ ပြင်ဆင်နေပြီး တကယ်လို့ အဆင်မပြေခဲ့ရင်လည်း ရောင်းချဖို့ အသင့်ရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲတွေက ပြသခဲ့တဲ့ခြေစွမ်းတွေအရ စတာလင်တစ်ယောက် ဂွါဒီယိုလာရဲ့ပွဲထွက်လူစာရင်းမှာ ပုံမှန်ပါဝင်နိုင်ဖို့ နီးစပ်နေပေမယ့် ဆက်လက်ခြေစွမ်းပြနိုင်ဖို့တော့ လိုအပ်နေပါတယ်။

စာချုပ်သစ်ဆွေးနွေးမှုကို ၂၀၂၀ စက်တင်ဘာလတုန်းက စတင်ခဲ့ပေမယ့် အဲ့အချိန်ကတည်းက ရပ်တန့်ထားတာဖြစ်ပါတယ်။ အဆိုပါရပ်တန့်ထားမှုက စတာလင်ရဲ့ကစားသမားဘဝအခြေအနေကို ရိုက်ခတ်မှုတွေရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီနောက်ဆုံးရက်သတ္တပတ်တုန်းက လီဗာပူး ကစားသမားဟောင်းဟာ ပွဲကြီးတွေမှာ အရန်ခုံထိုင်ခဲ့ရသလို အဲ့ပွဲတွေထဲမှာ ချဲလ်ဆီးကိုအရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲလည်း ပါဝင်နေပါတယ်။

ယူရို ၂၀၂၀ မှာ အင်္ဂလန်အသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် စတာလင်တစ်ယောက် ဆောက်သမ်တန်ကို သရေကျခဲ့တဲ့ပွဲမှာ ချန်လှပ်ခံခဲ့ရပါတယ်။ အဆိုပါအခြေအနေကြောင့် အင်္ဂလန်သားတစ်ယောက် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းပြောင်းနိုင်ချေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

သို့ပေမယ့် မကြာသေးခင်တုန်းက ၁၂ ပွဲဆက်နေရာပြန်ရခဲ့ပြီးနောက် အသင်းမှာဆက်ရှိဖို့ အခြေအနေကောင်းလာခဲ့ပါတယ်။ အင်္ဂလန်သားကို ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ် ၊ အာဆင်နယ် နဲ့ ပီအက်စ်ဂျီတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

#မန်စီးတီး #စတာလင် #ဂွါဒီယိုလာ