ရှေ့သို့
Image

အာဆင်နယ်ကို ပြောင်းလာဖို့ မိုရာတာကို ဖုန်းဆက်စည်းရုံးခဲ့တဲ့ အာဆင်နယ် လက်ထောက်နည်းပြ မိုလီနာ

10:24 AM, 31 January

အာဆင်နယ်အသင်းလက်ထောက်နည်းပြ မိုလီနာဟာ အပြောင်းအရွှေ့ပိတ်ဖို့ ၁၁ နာရီအလိုမှာ ဂျူဗင်တပ်စ် တိုက်စစ်မှူး မိုရာတာကို အာဆင်နယ်ပြောင်းလာဖို့ ဖုန်းဆက်စည်းရုံးခဲ့တယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ အခုအပြောင်းအရွှေ့မှာ တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူဖို့ ပြင်ဆင်နေပြီး ပစ်မှတ်ကစားသမား ဗလာဟိုဗစ်က ဂျူဗင်တပ်စ်ကိုပြောင်းရွှေ့ခဲ့တာကြောင့် အီဆက်ကလည်း နွေရာသီအထိ ဆိုစီဒက်မှာ ဆက်နေဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ထို့အတွက်ကြောင့် အာဆင်နယ်အနေနဲ့ အငှားချထားတဲ့ ဘာလိုဂန်ကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေကာ အူဘာမီယန်းနဲ့ အန်ကီတီယာတို့က ထွက်ခွာဖို့ များနေပါတယ်။ ဘာစီလိုနာအသင်းဟာ ဂါဘွန်သားကို အငှားနဲ့ခေါ်ယူဖို့ လုပ်ဆောင်နေပြီး ဒမ်ဘီလီကို အရင်ရောင်းထုတ်ဖို့ ပြင်ဆင်နေကာ အန်ကီတီယာကို နယူးကာဆယ် နဲ့ ပဲလေ့စ်တို့က ချိတ်ဆက်နေပါတယ်။ တကယ်လို့ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အူဘာ နဲ့ အန်ကီတီယာတို့ ထွက်ခွာခဲ့ရင် လက်ကျန်ရာသီကို လာကာဇက်တီတစ်ဦးတည်းနဲ့ ခရီးဆက်ရဖွယ်ရှိနေပါတယ်။

ဒါပေမယ့် အေအက်စ်သတင်းဌာနကတော့ အာဆင်နယ်ဟာ တနလာၤနေ့အပြောင်းအရွှေ့မပိတ်ခင် တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ ပြင်ဆင်နေပြီး မိုရာတာကို ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ စပိန်သားဟာ လက်ရှိမှာ တီကိုအသင်းထံကနေ ဂျူဗင်တပ်စ်အသင်းထံမှာ အငှားကစားနေပြီး ဗလာဟိုဗစ်ရောက်လာတာကြောင့် အငှားစာချုပ်ကို ဖျက်သိမ်းဖွယ်ရှိနေပါတယ်။

ဘာစီလိုနာကလည်း မိုရာတာကို ချိတ်ဆက်နေပေမယ့် တီကိုက ပြိုင်ဘက်အသင်းထံ မစေလွှတ်ချင်ပဲ ပြည်ပကိုသာ စေလွှတ်ချင်နေပါတယ်။ အေအက်စ်သတင်းဌာနက အာဆင်နယ်လက်ထောက် မိုလီနာ မိုရာတာကို ဖုန်းဆက်ပြီး အာဆင်နယ်ပြောင်းလာဖို့ စည်းရုံးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

မိုလီနာ နဲ့ မိုရာတာတို့ဟာ တီကိုအသင်းမှာလက်တွဲခဲ့ဖူးတာဖြစ်ပြီး အာဆင်နယ်အသင်း လိုအပ်နေတဲ့တိုက်စစ်ပိုင်းကို အားဖြည့်နိုင်တာဖြစ်ပါတယ်။ ယခင်တုန်းက မိုရာတစ်ယောက် ချဲလ်ဆီးအသင်းမှာ အငှားလာကစားခဲ့သေးတာဖြစ်ကာ အခုလည်း အာဆင်နယ်ကို ပြောင်းဖွယ်ရှိနေပါတယ်။

#မိုရာတာ #အာဆင်နယ် #ဂျူဗင်တပ်စ် #အပြောင်းအရွှေ့ #မိုလီနာ