ရှေ့သို့
Image

အာဆင်နယ် ကွင်းလယ်လူဟောင်း ရမ်ဆေးကို ကမ်းလှမ်းခဲ့တဲ့ ဝုဗ်

8:38 AM, 31 January

ဝုဗ် အသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အာဆင်နယ်အသင်း ကွင်းလယ်လူဟောင်း အာရွန်ရမ်ဆေးကို ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဝေးလ်သားဟာ ဒီရာသီနည်းပြ အယ်လီဂရီ လက်အောက်လိဂ်ပွဲ ၁ ပွဲသာ ပါဝင်ကစားခွင့်ရရှိထားကာ ဘန်လေ၊ နယူးကာဆယ်၊ အဲဗာတန်နဲ့ ပဲလေ့စ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ရမ်ဆေးဟာ အာဆင်နယ်အသင်းမှာ ၁၁ နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် ၂၀၁၉ တုန်းက အလွတ်နဲ့ ဂျူဗင်တပ်စ်ကို ပြောင်းလာခဲ့တာဖြစ်ပါတယ်။ ရမ်ဆေးတစ်ယောက် ဂျူဗင်တပ်စ်အတွက် ၆၉ ပွဲမှာ ၆ ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့် ဒီရာသီဂျူဗင်တပ်စ်မှာ မိနစ် ၁၀၀ အောက်သာ ကစားခွင့်ရထားပါတယ်။ ဂျူဗင်တပ်စ်မှာကစားနေစဉ် ဒဏ်ရာပြဿနာတွေ ရှိနေခဲ့ကာ အယ်လီဂရီလက်အောက်မှာ ၁ ပွဲမှ ပွဲဦးထွက်ကစားခွင့်မရသေးတာဖြစ်ပါတယ်။

ဒါ့အပြင် လအစတုန်းကလည်း ကိုဗစ်ကူးစက်ခံခဲ့ရတာကလည်း ရမ်ဆေးအတွက် ခက်ခဲစေခဲ့တာဖြစ်ပါတယ်။ ဝုဗ်အသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ကစားသမားအများအပြားထွက်ခွာနိုင်မှုအတွက် ပြင်ဆင်နေပါတယ်။ တောင်ပံကစားသမား ရိုင်ယန်ဂီးလ်က ဘလက်ဘန်းကိုပြောင်းဖို့ ဆွေးနွေးနေပါတယ်။ ဒါ့အပြင် ကွင်းလယ်လူ ဘရူနိုဂျာအိုကလည်း ဂရက်ရှူပါအသင်းကို အငှားပြောင်းဖို့ ပြင်ဆင်နေပါတယ်။

အသက် ၂၃ နှစ်သားဟာ ၂၀၁၉ တုန်းက လာဇီယိုအသင်းထံကနေ ပေါင် ၆ သန်းနဲ့ ဝုဗ် အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ကိုရောက်လာပြီးနောက် ဂျာအိုတစ်ယောက် ပွဲထွက်ခွင့်မရခဲ့ပဲ ယူ - ၂၃ အသင်းမှာပါ ကစားခဲ့ရတာဖြစ်ပါတယ်။

#အာဆင်နယ် #ဝုဗ် #ဂျူဗင်တပ်စ် #အပြောင်းအရွှေ့ #ရမ်ဆေး