ရှေ့သို့
Image

လာမယ့် ၂၄ နာရီအတွင်း အဲဗာတန်နည်းပြအဖြစ် ပရီးမီးယားလိဂ်မှာ ပြန်လည်မြင်တွေ့ရတော့မယ့် လမ်းပတ်

11:51 AM, 30 January

ချဲလ်ဆီးနည်းပြဟောင်း ဖရန့်လမ်းပတ်ဟာ အဲဗာတန်နည်းပြသစ်ဖြစ်လာဖို့ အတော်လေးနီးစပ်နေပြီး လာမယ့် ၂၄ နာရီအတွင်း နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း တရားဝင်ကြေညာဖွယ်ရှိနေပါတယ်။ လမ်းပတ်ရဲ့ နည်းပြအဖွဲ့ဝင်တွေကိုလည်း ရွေးချယ်ထားပြီးဖြစ်ကာ ချဲလ်ဆီး လက်ထောက်နည်းပြတွေဖြစ်တဲ့ ဂျိုးအက်ဝက်ဒ်နဲ့ အန်တိုနီဘာရီတို့ အဲဗာတန်နည်းပြအဖွဲ့မှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

ချဲလ်ဆီးအသင်းဘက်က ထွက်ခွာလိုနေတဲ့ ဘယ်နည်းပြအဖွဲ့ဝင်ကိုမဆို ထွက်ခွာခွင့်ပေးမှာဖြစ်ပေမယ့် ဗြိတိန်စံတော်ချိန် စနေညအထိတော့ အဲဗာတန်အသင်းဘက်က တရားဝင် ဆက်သယ်လာခြင်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ်က ချဲလ်ဆီးနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ လမ်းပတ်အနေနဲ့ အဲဗာတန်နည်းပြအဖြစ် ပရီးမီးယားလိဂ်ကို ပြန်ရောက်လာတော့မှာဖြစ်ပြီး သူတာဝန်ယူခဲ့တဲ့ ၁၈လတာကာလအတွင်း ချဲလ်ဆီးအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့သလို အက်ဖ်အေဖလးာမှာလည်း ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပါတယ်။

လမ်းပတ်အနေနဲ့ အဲဗာတန်နည်းပြအဖြစ် ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အသင်းက တန်းဆင်းဇုန်နဲ့ ၄ မှတ်အကွာ အဆင့် ၁၆ နေရာမှာ ရပ်တည်နေရပါတယ်။ လမ်းပတ်ဟာ အဲဗာတန်နည်းပြအဖြစ် လာမယ့်အပတ်မှာ ဘရန့်ဖို့ဒ်နဲ့ အက်ဖ်အေဖလားအိမ်ကွင်းပွဲကစားပြီးရင် အရေးပါတဲ့ပရီးမီးယားလိဂ် ၂ပွဲကစားရမှာဖြစ်ပြီး နယူးကာဆယ်နဲ့အဝေးကွင်း၊ လိဒ်စ်ယူနိုက်တက်နဲ့ အိမ်ကွင်းပွဲတွေ ကစားရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #အဲဗာတန် #လမ်းပတ်