ရှေ့သို့
Image

အာဂျင်တီးနားမှာ ဆေးစစ်မှုအောင်မြင်ခဲ့ပြီးနောက် လီဗာပူးကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်တဲ့ လူးဝစ် ဒီယက်ဇ်

9:16 AM, 30 January

လီဗာပူးပစ်မှတ် လူးဝစ် ဒီယက်ဇ်ဟာ ယမန်နေ့ညက အာဂျင်တီးနားမှာ ဆေးစစ်မှု ခံယူခဲ့ပြီးနောက် ပေါင် ၃၇သန်းတန် အပြောင်းအရွှေ့ ဖြစ်လာဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ Noddleလို့ နာမည်ပြောင်ပေးခြင်းခံထားရတဲ့ ၂၅နှစ်သားဟာ လီဗာပူးနဲ့  ၅နှစ်စာချုပ် ချုပ်ဆိုဖို့ ရှိနေပါတယ်။

တော့တင်ဟမ်အသင်းက ဒီယက်ဇ်ရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၆သန်းအောက်သာ ပေးတာကြောင့် ခေါ်ယူရခက်နေစဉ် လီဗာပူးက ကြားဖြတ်ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဒီယက်ဇ်အပေါ် အသုံးပြုလိုက်ရတဲ့ ငွေကြေးအတွက် မီနာမီနို၊ အိုရီဂီနဲ့ နတ်သန်နီရယ် ဖီးလစ်တို့ကို ပြန်လည်ရောင်းချချင်နေပါတယ်။

လိဒ်စ်ယူနိုက်တက်က မီနာမီနိုကို အငှားနဲ့ခေါ်ဖို့ စုံစမ်းထားချိန် နယူးကာဆယ်ရဲ့ ဖီးလစ်အပေါ် ကမ်းလှမ်းချက်က ပယ်ချခံထားရပါတယ်။ လီဗာပူးဟာ ဖီးလစ်အတွက် ပေါင် ၁၅သန်း အလိုရှိနေပြီး ဘရန့်ဖို့ဒ်က စိတ်ဝင်စားနေတဲ့ နီကို ဝီလျံလည်း အသင်းက ထွက်သွားနိုင်ပါတယ်။

တစ်ဖက်မှာတော့ လီဗာပူးလူငယ်လေး အီလီယော့ဟာ ယူ-၂၃အသင်းနဲ့ ၀ရက်စ်ဟမ်း ယှဉ်ပြိုင်ကစားတဲ့ ကွင်းပိတ်ပွဲစဉ်မှာ ပါဝင်ကစားသွားခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်ကိုတော့ လာမယ့်အပတ် ကာဒစ်ဖ်နဲ့ အက်ဖ်အေဖလားပွဲမတိုင်ခင် အီလီယော့ရဲ့ ကြံ့ခိုင်မှု ပြည့်၀စေဖို့အတွက် လီဗာပူးက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ၁၈နှစ်သားဟာ အဆိုပါပွဲစဉ်အတွင်း ၁ဂိုးသွင်း၊ ၁ဂိုးဖန်တီးပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

#လီဗာပူး #အာဂျင်တီးနား #အပြောင်းအရွှေ့ #လူးဝစ်ဒီရက်ဇ်