ရှေ့သို့
Image

အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်ဆိုတဲ့ ချမ်ဘာ အတွက် အာဆင်နယ်ရဲ့ နှုတ်ဆက်စာ လှောင်ပြောင်ခံနေရ

1:13 PM, 28 January

အာဆင်နယ်အသင်းဟာ အက်စတွန်ဗီလာကို ၃နှစ်ခွဲ စာချုပ်နဲ့ ပြောင်းရွှေ့သွားတဲ့ ချမ်ဘာကို နှုတ်ဆက်တဲ့အနေနဲ့ တွစ်တာမှာ ''အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်ချမ်ဘာ''ဆိုတဲ့တွိဒ်အတွက် အွန်လိုင်းမှာ လှောင်ပြောင်သရော်ခံနေရပါတယ်။

ချမ်ဘာဟာ ယခုလအတွင်း ဗီလာအသင်းရဲ့ ၄ဦးမြောက်ကစားသမားသစ်ဖြစ်လာပြီး အင်္ဂလန်အသင်းအတွက် ၂ပွဲကစားခွင့်ရထားတဲ့ ချမ်ဘာဟာ ယခုရာသီပရီးမီးယားလိဂ်မှာ အာဆင်နယ်အတွက် စုစုပေါင်း၂ပွဲပဲ ကစားခွင့်ရခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိ ချမ်ဘာဟာ ရာသီအစက ဘရန့်ဖို့ဒ်နဲ့ မန်စီးတီးတို့ကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲတွေမှာ ဦးစားပေးကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့တာဖြစ်ပြီး ၂၀၁၂ က ဆောက်သမ်တန်ကနေ ရောက်လာချိန်ကတည်းက အရန်အဖြစ်သာ ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။

''အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်ချမ်ဘာ''ဆိုပြီး အာဆင်နယ်က သူတို့ရဲ့တွစ်တာအကောင့်ကနေ လက်ခုပ်တီးနေတဲ့ အီမိုဂျီနဲ့အတူ ချမ်ဘာကို နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေကတော့ အဲဒီမှတ်ချက်နဲ့ပတ်သက်လု့ိ အာဆင်နယ်အသင်းအပေါ် ပြင်းပြင်းထန်ထန်လှောင်ပြောင်ခဲ့ကြပါတယ်။

''ချမ်ဘာက ကျွန်တော်တို့အသင်းအတွက် တစ်ခါမှ အရာအားလုံးမဖြစ်ခဲ့ပါဘူး။ သူဟာ အရန်အဖြစ်နဲ့ပဲ ကစားခဲ့ရတာပါ။ သူ့အတွက် ကောင်းမွန်တဲ့အပြောင်းအရွှေ့ပါ''''အခုလို ချမ်ဘာရဲ့ကစားသမားဘဝကို ဆွဲချထားမယ့်အစား လွန်ခဲ့တဲ့နှစ်တွေကတည်းက သူ့ကို ထွက်ခွာခွင့်ပြုသင့်ခဲ့ပါတယ်" '''အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့နိုင်ခဲ့လို့ ချမ်ဘာကို ဂုဏ်ပြုပါတယ်''လို့ ပရိသတ်တွေက အသီးသီးမှတ်ချက်ရေးသားခဲ့ပါတယ်။

#အာဆင်နယ် #အက်စတွန်ဗီလာ #အပြောင်းအရွှေ့ #ချမ်ဘာစ်