ရှေ့သို့
Image

ယူနိုက်တက်မှာ နေရာမရဖြစ်နေတဲ့ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ ဗီအဲရာကို ဘားကမ့် တိုက်တွန်း

12:52 PM, 28 January

အာဆင်နယ်ဂန္ထဝင်ဟောင်း ဘားကမ့်က အသင်းဖော်ဟောင်း ဗီအဲရာကို ချိတ်ဆက်ပြီး ယူနိုက်တက်မှာ နေရာမရဖြစ်နေတဲ့ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ တိုက်တွန်းခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ပဲလေ့စ်အသင်းဟာ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေဆဲဖြစ်ကာ ယူနိုက်တက်က အသင်းမှာပဲ ဆက်ထိန်းထားချင်နေပါတယ်။

ဗန်ဒီဘိခ်ဟာ ၂၀၂၀ နွေရာသီတုန်းက အေဂျက်ကနေ ယူနိုက်တက်ကိုပြောင်းလာခဲ့တာဖြစ်ပြီး ၅၀ ပွဲမှာ ၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ နယ်သာလန်သားဟာ ဒီရာသီမှာလည်း ပွဲထွက်ခွင့်နည်းပါးနေပြီး ပြိုင်ပွဲစုံ ၄ ပွဲသာ ပါဝင်ကစားခွင့်ရရှိထားကာ ပုံမှန်ပွဲထွက်ခွင့်ရမယ့်အသင်းကို ပြောင်းချင်နေပါတယ်။

စကိုင်းစပေါ့တ်သတင်းဌာနကတော့ ပဲလေ့စ်အသင်းဟာ ဘားကမ့်တိုက်တွန်းခဲ့ပြီးနောက် ဗန်ဒီဘိခ်ကို ခေါ်ယူရေး အရှိန်မြှင့်လုပ်ဆောင်လာတယ်လို့ သိရပါတယ်။  ယူနိုက်တက်နည်းပြ ရန်နစ်ကတော့ နယ်သာလန်သားကို အသင်းမှာ ဆက်ထိန်းဖို့ တားဆီးဖွယ်ရှိနေကာ ယူနိုက်တက်ဘက်က အငှားကြေးနဲ့ လစာငွေသက်သာမှာဖြစ်တာကြောင့် အငှားချချင်နေပါတယ်။

ရာသီအကုန်မှာ ယူနိုက်တက်က ဗန်ဒီဘိခ်အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်ဖွယ်ရှိနေကာ  ဆိုးလ်ရှားမရှိတော့တဲ့နောက်ပိုင်း ပွဲထွက်ခွင့်လည်း နည်းပါးလာခဲ့ပါတယ်။ အင်္ဂလန်အသင်း ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်ကလည်း ဗန်ဒီဘိခ်အခုလိုဖြစ်နေတာကို မပျော်ရွှင်မိဘူးလို့ ပြောကြားလိုက်ကာ ပဲလေ့စ်ကို ခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။

"အိုလီလက်အောက်မှာ နေရာမရခဲ့သလို ရန်နစ်လက်အောက်မှာလည်း နေရာမရခဲ့ပြန်ပါဘူး။ ပဲလေ့စ်က သူ့အတွက် အဆင်ပြေလောက်ပါတယ်။ ယူနိုက်တက်က ဗန်ဒီဘိခ်ခြေစွမ်းတက်နေချိန်မှာ ခေါ်ယူခဲ့တာပါ။ သူပြီးခဲ့တဲ့ရာသီတွေက ဘယ်လောက်အထိ လုပ်ပြထားနိုင်လဲဆိုတာကို သံသယရှိဖို့ မလိုပါဘူး။ ဗီအဲရာလက်အောက်မှာ သူပြန်လည်တောက်ပလာနိုင်ပါတယ်"လို့ ဒေးဗစ်ဂျိမ်းက ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဗန်ဒီဘိခ် #ဗီအဲရာ