ရှေ့သို့
Image

အာဆင်နယ်နဲ့ စာချုပ်၆လကျန် ချမ်ဘာစ်ကို ၃နှစ်ခွဲ စာချုပ်နဲ့ ခေါ်ယူလိုက်တဲ့ အက်စတွန်ဗီလာ

9:15 AM, 28 January

အက်စတွန်ဗီလာအသင်းဟာ ကာလမ် ချမ်ဘာစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ၂၇နှစ်သားဟာ ရာသီကုန်မှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ယခု ဗီလာနဲ့ ၃နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဗီလာဟာ ယခုလအတွင်း ကော်တင်ဟို၊ ဒစ်ဂျ်နီတို့ကို ခေါ်ယူခဲ့ပြီးနောက် တတိယမြောက်အဖြစ် ချမ်ဘာစ်ကို ထပ်မံ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဗီလာနဲ့ စာချုပ်ချုပ်ပြီးနောက် ချမ်ဘာစ်က “ဒီအသင်းက ကြီးကျယ်ပြီး အခု ကောင်းမွန်တဲ့ အခိုက်အတန့်ကို ရောက်ရှိနေပါတယ် ဒီနေရာက စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေပြီး အပြင်ကနေ အားလုံး ဒါကို မြင်နိုင်ပါတယ်”“ဒီမှာ ဖြစ်နေတာတွေ ရှိပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ် ကျိန်းသေပေါက် ရောက်နေပါတယ်။ ကျွန်တော့်အတွက်တော့ ဒီလို အသင်းမျိုးကို ပြောင်းဖို့ စဉ်းစားစရာတောင် မလိုခဲ့ပါဘူး။ ဒါကကျွန်တော့်အတွက် မှန်ကန်တဲ့ ရွေးချယ်မှုပါ”

“ဒီလိုအသင်းကို ရောက်လာတာ တကယ့်အဆင့်မြင့်ပါတယ်။ ဒီအသင်းက အရှိန်တစ်ခုကို တည်ဆောက်နေတာဖြစ်ပြီး ဒီမှာ ရှိရတာ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်”“ကျွန်တော် အချိန်ကောင်းမှာ ရောက်လာတာဖြစ်ပြီး အသင်းအတွက် အစွမ်းကုန် ပေးဆပ်ဖို့အတွက် မစောင့်နိုင်တော့ပါဘူး”လို့ ဆိုခဲ့ပါတယ်။

ချမ်ဘာစ်ဟာ အာဆင်နယ်မှာ ၇နှစ်ခွဲကြာ ကစားခဲ့ပေမဲ့ နည်းပြ အာတီတာလက်ထက် ပွဲထွက်ခွင့် နည်းပါးခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဗီလာအသင်းဟာ အပြောင်းအရွှေ့မပိတ်ခင် holding ကွင်းလယ်လူ၁ဦး ခေါ်ယူဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

အလားတူ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေ စိတ်ဝင်စားနေတဲ့ ဒေါက်ကလပ်စ် လူးဝစ်ကိုလည်း စာချုပ်သစ်ကမ်းလှမ်းဖို့ အသင့်ဖြစ်နေခဲ့ပါတယ်။

#အာဆင်နယ် #အက်စတွန်ဗီလာ #အပြောင်းအရွှေ့ #ချမ်ဘာစ်