ရှေ့သို့
Image

နွေရာသီမှာ ယူနိုက်တက်ရဲ့ ပစ်မှတ်ဖြစ်လာနိုင်ဖွယ်ရှိနေတဲ့ မန်ချီနီ

8:23 AM, 27 January

အီတလီအသင်းနည်းပြ ရောဘတ်တိုမန်ချီနီဟာ လာမယ့်နွေရာသီမှာ ယူနိုက်တက်အသင်းရဲ့နည်းပြ နေရာအတွက် ပစ်မှတ်ဖြစ်လာနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ယူနိုက်တက် တာဝန်ရှိသူတွေဟာ ဆိုးလ်ရှားနေရာ အတွက် အမြဲတမ်းနည်းပြသစ်ရှာဖွေနေပြီး လက်ရှိမှာတော့ ရန်နစ်ကို ရာသီကုန်အထိ ခန့်အပ်ထားပါတယ်။

ဒါပေမယ့် မန်ချီနီဟာ မန်စီးတီးကို ပထမဆုံးပရီးမီးယားလိဂ်ရယူပေးနိုင်ခဲ့တာကြောင့် ယူနိုက်တက် တာဝန်ရှိသူတွေက မျက်စိကျလာတယ်လို့ အပြောင်းအရွှေ့အကျော်အမော် ရိုမာနိုက ဆိုပါတယ်။ ယူနိုက်တက် ဂန္ထဝင်နောက်ခံလူ ဖာဒီနန်ကလည်း "မန်ချီနီနဲ့ ပတ်သက်ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။ မန်ချီနီက အီတလီအသင်းနဲ့အတူ အလုပ်များနေပါတယ်။ ယူနိုက်တက်အတွက်တော့ ရွေးချယ်စရာဖြစ်လာနိုင်ပါတယ်။ သူပရီးမီးယားလိဂ်ကို ပြန်လာနိုင်ချေရှိနေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အတွက် ပွဲပေါင်း ၄၅၀ ကျော်ကစားပေးခဲ့တဲ့ ဖာဒီနန်က မန်ချီနီအနေနဲ့ ယူနိုက်တက်ကို လာမယ်လို့ မထင်မိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့အကျော်အမော် ရိုမာနိုကတော့ မန်ချီနီဟာ ယူနိုက်တက်ရဲ့ပစ်မှတ်တစ်ခုဖြစ်လာနိုင်တယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။

မန်ချီနီဟာ အီတလီအသင်းကို ယူရို ၂၀၂၀ ဆုဖလားအောင်မြင်မှုရယူပေးနိုင်ခဲ့သလို အခုလည်း ကာတာကမ္ဘာ့ဖလား ဝင်ခွင့်ရရှိအောင် လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ ကာတာကမ္ဘာ့ဖလားဝင်ချင်တယ်ဆိုရင် အီတလီအသင်းအနေနဲ့ မတ်လမှာကစားမယ့် play-off ၂ ပွဲကို အနိုင်ကန်ရမှာဖြစ်ကာ မြောက်မက်ဆီဒိုးနီးယားကို အနိုင်ရရှိခဲ့မယ်ဆိုရင် ပေါ်တူဂီ ဒါမှမဟုတ် တူရကီနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

မန်ချီနီဟာ ပရီးမီးယားလိဂ်အတွေ့အကြုံရှိတဲ့သူတစ်ဦးဖြစ်ပြီး မန်စီးတီးအသင်းနဲ့ ၄ နှစ်တာကာလကို ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ အဲ့ထဲမှာအထင်ရှားဆုံးဖြစ်ရပ်က ဖာဂူဆန်ရဲ့ယူနိုက်တက်ကို ကျော်ဖြတ်ပြီး အဂူရိုရဲ့နောက်ကျဂိုးနဲ့ မန်စီးတီးကို ပရီးမီးယားလိဂ်ဖလားရရှိစေခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၀ - ၁၁ မှာ အက်ဖ်အေဖလားနဲ့ အင်တာမီလန်နဲ့အတူ ၂၀၀၅ ကနေ ၂၀၀၈ အထိ စီးရီးအေဆုဖလားတွေ ရရှိစေခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အီတလီ #မန်ချီနီ