ရှေ့သို့
Image

ပိုလန်မက်ဆီဟု တင်စားခေါ်ခံနေရတဲ့ လီဗာပူးလူငယ်တစ်ဦးရဲ့ ခြေစွမ်းကို သဘောအကျကြီး ကျနေတဲ့ ဗန်ဒိုက်

3:56 PM, 26 January

မက်ဆီလို ဆိုလိုက်တာနဲ့ မှော်ဝင်ခြေစွမ်းတွေ ပိုင်ဆိုင်ထားတဲ့ ဘော်လွန်းဒီအော်ဆု ၇ကြိမ်ရ ကစားသမားကို ပြေးမြင်မိကြမှာပါ။ လီဗာပူးလူငယ်အသင်းမှာလည်း ပိုလန်မက်ဆီဟု တင်စားခေါ်ခံနေရတဲ့ ကစားသမားတစ်ဦး ရှိနေပါတယ်။

လီဗာပူးနည်းပြ ဂျာဂင်ကလောပ့်ဟာလည်း လူငယ်တွေကို မြေတောင်မြှောက်ပေးရာမှာ ထူးချွန်တဲ့ သူဖြစ်ပြီး ဂျာမန်သားလက်ထက်မှာ အလက်ဇန်းဒါးအာနိုး၊ ကာတစ်ဂျုံးစ်တို့ကြယ်ပွင့်အဖြစ် ပေါ်ထွက်လာပါတယ်။ ယခုနှစ်မှာလည်း လူငယ်အသင်းက ဂေါ်ဒန်၊မော်တန်၊ ဘရတ်ဒလေတို့ကို အသင်းကြီးပွဲတစ်ချို့မှာ ခေါ်ယူ ကစားထားစေပါတယ်။ ဒါပေမဲ့ နောက်ခံလူ ဗန်ဒိုက်ရဲ့ သဘောကျမှုတွေ ရရှိသူကတော့ ပိုလန်သားလေး မူစီယာလော့စကီး ဖြစ်နေပါတယ်။

“ကျွန်တော်တို့သူရဲ့ ဖြတ်တင်ဘောတွေအကြောင်းကို ပြောနိုင်မလား? ဟု F2 Freestylers သို့သူက ပြောပါတယ်။ သူ ဖြတ်တင်ဘောတွေက ထူးခြားကောင်းမွန်တယ် တည်ငြိမ်တဲ့ခြေစွမ်းက ကြောက်စရာဘဲဗျ”ဟု ပြောပါတယ်။

နည်းပြကလော့ပ်အပါအဝင် လီဗာပူးကင်းထောက်တွေရဲ့ သဘောကျမှု ရရှိအပြီးမှာ ကြိုးကြာနီတွေဟာ ၂၀၂၀ သြဂုတ်လက ကွင်းလယ်တိုက်စစ်သမားလေးကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ်ကိုလည်း လီဗာပူးနဲ့ ချုပ်ဆိုထားပါတယ်။ မူစီယာလောစကီးကို လီဗာပူးစတင်ပစ်မှတ်ထားခဲ့တဲ့ အချိန်ကတော့ ပိုလန်ကလပ် လော့ဇ်အသင်းမှာ ၈၈ပွဲကစား ၁၃၃ဂိုးအထိ သွင်းယူခဲ့ရာကနေ ဖြစ်ပါတယ်။ မူစီယာလော့စကီးကလည်း သူရဲ့ ကစားဟန်နဲ့ပတ်သက်ပြီး ခုလို ဖွင့်ဟပါတယ်။

“ကျွန်တော်က နေရာလွတ်တွေ့တာနဲ့ အဲဒီကို ပြေးပါတယ် လီယွန်နယ်မက်ဆီရဲ့ ဂိုးတွေက အဲဒီလိုပုံစံတွေဆိုတာ အများကြီး တွေ့ဖူးတယ် ဒါကြောင့် သူလို ဖြစ်ဖို့ကြိုးစားတယ် ကျွန်တော်လည်း အဆိုပါဂိုးတွေမျိုး သွင်းပြချင်ပါတယ်”ဟု ပြောသည်။

The Athletic ရဲ့ ဖော်ပြချက်အရဆိုရင် လေ့ကျင်ရေးမှာ ဖာဘင်ဟိုရဲ့ ပေါက်ကြားထဲ ဘောလုံးထည့်သွားတဲ့ မူစလီယာစကီးရဲ့ ကစားဟန်ကို တွေ့တဲ့အခါ ကလော့ပ်မျက်နှာမှာ ပြုံးရိပ်သန်းသွားတယ်လို့ဆိုပါတယ်။ လီဗာပူးယူ၁၈၊ ၁၉၊ ၂၃ အသင်းတွေနဲ့ကစားကာ မူစီယာလောစကီးဟာ ယခုနှစ်အတွင်း ၉ဂိုးသွင်းယူထားပြီး သူရဲ့ သွင်းဂိုးတွေထဲမှာ လှည့်ကွက်တွေပါ ရှိခဲ့တာ ဖြစ်ပါတယ်။

ဗန်ဒိုက်ရဲ့ ချီးကျူးမှု ရတဲ့အပြင် ဖာဘင်ဟိုကိုပါ လှည့်ဖျားကစားသွားတဲ့ မူစီယာလောစကီးရဲ့ အရည်အသွေးဟာ မကြာခင်မှာ ကြိုးကြာနီတွေအတွက် ကြယ်ပွင့်တစ်ဦး ဖြစ်လာဖွယ် ရှိနေတယ်လို့ လီဗာပူးပရိသတ်များက ယူဆထားကြပါတယ်။

#လီဗာပူး #ဗန်ဒိုက်