ရှေ့သို့
Image

ဘိုဝမ်ကို လီဗာပူးစတား ဆာလက်နဲ့ ခိုင်းနှိုင်းမှုတွေ ပြုလုပ်သွားခဲ့တဲ့ ဝက်စ်ဟမ်းနည်းပြ ပီယာ့စ်

11:40 AM, 26 January

ဝက်စ်ဟမ်းနည်းပြ စတူးဝတ် ပီယာ့စ်က တောင်ပံကစားသမား ဂျရော့ ဘိုဝမ်ကို ချီးကျူးမှုတွေ ပြုလုပ်ကာ လီဗာပူးတောင်ပံကစားသမား မို ဆာလက်နဲ့ ခိုင်းနှိုင်းမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဘိုဝမ်ဟာ ယခုနှစ်ရာသီ ဝက်စ်ဟမ်းမှာ ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၃၂ပွဲ ကစားရာမှာ ၉ဂိုးသွင်းကာ ၁၀ ဂိုး ဖန်တီးထားခဲ့ပါတယ်။

ဆာလက်ကတော့ ယခုနှစ်ရာသီ ၂၆ပွဲ ကစားရာမှာ ၂၃ဂိုးသွင်းကာ ၉ဂိုး ဖန်တီးထားခဲ့ပြီး လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား၁ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ အင်္ဂလန်ကစားသမားဟောင်း ပီယာ့စ်က ဘိုဝမ်နဲ့ ဆာလက်ကြား တူညီတဲ့ အချက်တွေရှိတယ်လို့ ယုံကြည်လျက်ရှိနေပါတယ်။

ဘိုဝမ်က “ဘိုဝမ်နဲ့ နှိုင်းယှဉ်လို့ရသူကတော့ ဆာလက် ဖြစ်နိုင်ပါတယ်။ ဆာလက် ခံစစ်မှူးကို ကျော်ဖြတ်တဲ့ပုံစံ တောင်ပံကနေ ဆွဲဝင်ကန်တဲ့ ပုံစံတွေက တူညီပါတယ်။ အဲ့ဒါတွေက ဘိုဝမ်နဲ့ နှိုင်းယှဉ်လို့ ရနိုင်တဲ့ အချက်အချို့ပဲ ဖြစ်ပါတယ်”“ဘောလုံးကို ကိုင်ပြီး ရပ်ထားတာထက် ပြေးလွှားနေရတာ ပိုကြ်ုက်သူတွေဖြစ်ပြီး ခံစစ်မှူးလိုက်မမီအောင် လုပ်ပြနိုင်ခဲ့တာကြောင့် နောက်ပိုင်း ဒီထက်ပိုကောင်းတာတွေ လုပ်ပြနိုင်မယ်လို့ ထင်ပါတယ်။ သူ့အတွက် ကောင်းတာက ခြေထောက်၂ဖက်စလုံး အသုံးပြုလို့ရတာဖြစ်ပြီး သူသွင်းခဲ့တဲ့ နောက်ဆုံးဂိုးဆို ခေါင်းတိုက်သွင်းခဲ့တာပါ”“ဒါကြောင့် ခေါင်းနဲ့ရော ခြေထောက်နဲ့ရော သွင်းနိုင်တာက တိုက်စစ်မှူး၁ယောက်အဖြစ် ကျေနပ်စရာ ဖြစ်ပြီး ဝက်စ်ဟမ်း အတွက်လည်း တကယ့် ဘောနပ်စ်တစ်ခုလိုပါပဲ”လို့ ဆိုခဲ့ပါတယ်။

ဘိုဝမ်ဟာ ယခုနှစ်ရာသီ ဝက်စ်ဟမ်းအသင်း အဆင့်၅နေရာ ရောက်ရှိနေတဲ့ အခြေအနေရောက်အောင် အဓိကနေရာကနေ ပါဝင်စွမ်းဆော်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ဆာလက်ရဲ့ လီဗာပူး အသင်းထံကနေ စိတ်ဝင်စားမှုတွေ ရရှိစေပြီး လာမယ့် နွေရာသီ အပြောင်းရွှေ့မှာ ခေါ်ယူဖို့ ကြိုးစားလာနိုင်ပါတယ်။

#လီဗာပူး #ဝက်စ်ဟမ်း #ဆာလက် #ဘိုဝမ်