ရှေ့သို့
Image

ရွိုင်းဟော့ဒ်ဆန်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း ဝက်ဖို့ဒ် အတည်ပြု

7:08 AM, 26 January

ရွိုင်းဟော့ဒ်ဆန်ဟာ တန်းဆင်းဇုန် အန္တရာယ်ရှိနေတဲ့ ဝက်ဖို့ဒ်အသင်းကို ကိုင်တွယ်ဖို့ သဘောတူခဲ့ပြီးနောက် နည်းပြသစ် ဖြစ်လာခဲ့ပါတယ်။

၇၄နှစ်သားဟာ ဝက်ဖို့ဒ်ကိုသာ ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်ခဲ့အောင် စွမ်းဆောင်နိုင်ရင် ကြီးမားတဲ့ လစာနဲ့ အပိုဆုကြေးတွေ ရရှိသွားဖို့ ရှိနေပါတယ်။

ဟော့ဒ်ဆန်ဟာ ယမန်နေ့က ဝက်ဖို့ဒ်လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့ကာ အသင်းနဲ့ ၆လစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

နည်းပြဘက်ကရော အသင်းဘက်ကပါ စာချုပ်သက်တမ်းဆက်တိုးမတိုးဆိုတာ ထုတ်ဖော်ခြင်း မရှိပေမဲ့ နွေရာသီမှာ ဆုံးဖြတ်သွားဖို့ ရှိနေပါတယ်။

ဟော့ဒ်ဆန် ရောက်လာတဲ့အတွက် စိတ်လှုပ်ရှားနေကြတယ်ဆိုတဲ့ ဝက်ဖို့ဒ် ကစားသမားတွေဟာ နေ့လည် ၂နာရီမှာ လေ့ကျင့်ခန်း အစီအစဉ် ပြုလုပ်ခဲ့ကြပြီး နည်းပြသစ်က ကြည့်ရှုခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ဝက်ဖို့ဒ်ရဲ့ ထုတ်ပြန်ချက်မှာတော့ “ဝက်ဖို့ဒ်အသင်းစာ ရွိုင်းဟော့ဒ်ဆန်ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်လို့ ဝမ်းသာပါတယ်။ အင်္ဂလန်နည်းပြဟောင်းဟာ သူ့ရဲ့ ယုံကြည်ရတဲ့ လက်ထောက် ရေး လီဝင်တန်နဲ့အတူ အသင်းကို ပူးပေါင်းခဲ့တာပါ”

“ဟော့ဒ်ဆန်နဲ့ လီဝင်တန်တို့ဟာ ဖေဖော်ဝါရီ ၅ရက်နေ့ ဝက်ဖို့ဒ်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ချက်ချင်း ပြင်ဆင်မှုတွေ စတင်ခဲ့ပါပြီ”လို့ ဖော်ပြထားပါတယ်။

ဟော့ဒ်ဆန်ဟာ နောဝစ်ချ်ကို ၃ဂိုးပြတ် ရှုံးအပြီး ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ ရာနီရေရီရဲ့နေရာကို အစားဝင်သွားမှာပါ။

အသင်းက ထွက်ခွာချိန် ရာနီရေရီက ဝက်ဖို့ဒ်အသင်း အနာဂတ်မှာ ကံကောင်းစေဖို့ ဆုတောင်းပေးသွားခဲ့ပါတယ်။

#ဝက်ဖို့ဒ် #ရွိုင်းဟော့ဆန်