ရှေ့သို့
Image

ရေးဗားပလိတ် လူငယ်တိုက်စစ်မှူးကို အပြောင်းအရွှေ့မပိတ်ခင် အပြီးသတ် ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေတဲ့ မန်စီးတီး

10:03 AM, 25 January

မန်စီးတီးအသင်းဟာ ရေးဗားပလိတ်တိုက်စစ်မှူး ဂျူလီယန် အယ်ဗရက်ဇ်ကို အပြီးသတ် ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေကြောင်း သိရှိရသည်။ အသက်၂၁နှစ်အရွယ် ကစားသမားဟာ ပရှော်ဖက်ရှင်နယ် ဘောလုံးသမားဘဝအစမှာတင် ခြေစွမ်းပြ ကစားနေတဲ့အတွက် အာဂျင်တီးနားမှာ တောက်ပတဲ့ ကြယ်တစ်ပွင့် ဖြစ်လာမယ်လို့သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

အယ်ဗရက်ဇ်ရဲ့ စာချုပ်ဖြတ်သိမ်းကြေးက ပေါင်သန်း၂၀သာ ရှိပြီး ဇန်နဝါရီ အပြောင်းအရွှေ့မပိတ်ခင် ခေါ်ယူနိုင်မယ်လို့ ပရီးမီးယားလိဂ်ချန်ပီယံတွေက ယုံကြည်နေပါတယ်။ ကစားသမားဟာ မန်စီးတီးထံ တစ်ခါတည်း ပူးပေါင်းလာမှာ မဟုတ်ဘဲ လက်ကျန်ရာသီဝက်ကို ရေးဗားပလိဂ်မှာဘဲ အငှားဖြင့် ကစားသွားရန် ရှိနေကာ စာချုပ်ကလည်း ဒီဇင်ဘာလကုန်အထိ ကျန်ရှိနေပါတယ်။

ပြီးခဲ့တဲ့ရာသီက အယ်ဗရက်ဇ်ဟာ ၄၆ပွဲမှာ ၂၄ဂိုးအထိ သွင်းထားပြီး တစ်နိုင်ငံတည်းသား နာမည်ကျော်တိုက်စစ်မှူး အဂူရိုလက်သစ်ဟု ခိုင်းနှိုင်းခံနေရတာ ဖြစ်ပါတယ်။ ဥရောပအသင်းများစွာနဲ့အပြိုင် စောင့်ကြည့်ခဲ့ခြင်းနှင့်အတူ စီးတီးဟာ အယ်ဗရက်ဇ်ကို အနာဂတ်ကစားသမားဟု သတ်မှတ်ခဲ့ကာ လာမယ့်ရာသီသစ်မှာ ဒေ့ါမွန်ကြယ်ပွင့် ဟာလန်းကို ခေါ်ယူရေးနဲ့တော့ မသက်ဆိုင်ဘူးလို့သိရပါတယ်။

ပြီးခဲ့တဲ့ ရာသီက အာဂျင်တီးနားအတွက် ပထမဆုံး နိုင်ငံတကာပွဲ ကစားခဲ့ကာ ကိုပါအမေရိကဖလား ရယူရာတွင်လည်း အသင်းရဲ့ လူစာရင်းမှာ အယ်ဗရက်ဇ် ပါဝင်ခဲ့ပါတယ် အလားတူ လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက်လည်း လူစာရင်းမှာ ရွေးချယ်ခံထားရပါတယ်။

#မန်စီးတီး #အပြောင်းအရွှေ့ #ဂျူလီယန်အယ်ဗာရက်ဇ်