ရှေ့သို့
Image

ရာနီယာရီနေရာမှာ ပဲလေ့စ်နည်းပြဟောင်း ရွိုင်းဟော့ဆန်ကို အစားထိုး ခေါ်ယူဖို့ရှိနေတဲ့ ဝက်ဖို့ဒ်

8:38 AM, 25 January

ရာနီယာရီ ထုတ်ပယ်ခံရအပြီးမှာ ပဲလေ့စ်နည်းပြဟောင်း ရွိုင်းဟော့ဆန်ဟာ ဝက်ဖို့ဒ်နည်းပြသစ်အဖြစ် ခန့်အပ်ခံရဖို့ရေပန်းစားလာပါတယ်။ တနင်္လာနေ့မှာ ရာနီယာရီကို ထုတ်ပယ်အပြီး ဟော့ဆန်နှင့် သူရဲ့ လက်ထောက်နည်းပြ ရေး လီဝင်တန်ကို ခန့် အပ်သွားဖို့စာရွတ်စာတန်းဆောင်ရွက်ဖို့သာ ကျန်ရှိတော့တယ်လို့သိရပါတယ်။

ဟော့ဆန်ချက်ချင်း ရောက်လာနိုင်တာကိုလည်း ဝက်ဖို့ဒ်ကစားသမားတွေနှင့် ဝန်ထမ်းတွေ သိရှိထားပြီး ခန့်အပ်မှုက လာမယ့်၂၄နှစ်အတွင်း ပြီးမြောက်သွားဖွယ် ရှိနေသည်။ ရာနီယာရီကို ထုတ်ပယ်အပြီး ဝက်ဖို့ဒ်အသင်းဟာ ဟော့ဆန်ကို ခန့်အပ်ဖို့ ချက်ချင်း လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။

၇၄နှစ် အရွယ် ဝါရင့်နည်းပြကြီးဟာ ပြီးခဲ့တဲ့ ရာသီအကုန်မှာ ပဲလေ့စ်ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး ယခုအခါမှာ ပရီးမီးယားလိဂ်သို့တစ်ကျော့ပြန်လာရန် ရှိနေပါတယ်။ ပရီးမီးယားလိဂ်တွင် ဝက်ဖို့ဒ်ကို အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရှိစေပြီး ၎င်းလက်ထက် ၇မှတ်သာ ရခဲ့တဲ့ ရာနီယာရီကတော့ အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

အထူးသဖြင့် တန်းဆင်းဇုန် ပြိုင်ဘက် နောဝစ်ချ်ကို ၃ဂိုးပြတ် ရှုံးနိမ့်အပြီးမှာ ရာနီယာရီကို ထုတ်ပယ်ဖို့ဝက်ဖို့ဒ်အသင်း ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ နည်းပြဟောင်း မူနော့ဇ်နေရာ အစားဝင်လာတဲ့ ရာနီယာရီဟာလည်း ၎င်းလက်ထက် ၁၁ပွဲအထိ ရှုံးနိမ့်ခဲ့ပြီးနောက် နောဝစ်ချ်နဲ့ပွဲအပြီး ပရီသတ်တွေကို တောင်းပန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

#ရာနီယာရီ #ဝက်ဖို့ဒ် #ခရစ္စတယ်ပဲလေ့စ် #အပြောင်းအရွှေ့ #ရွိုင်းဟော့ဆန်