ရှေ့သို့
Image

ယခုလအတွင်း ပထမဆုံးခေါ်ယူမှုအဖြစ် ဒါဘီဘယ်နောက်ခံလူ ဝီလျံကို ချဲလ်ဆီး ခေါ်ယူ

3:14 PM, 24 January

ချဲလ်ဆီးအသင်းဟာ ယခုဈေးကွက်အတွင်း ပထမဆုံးခေါ်ယူမှုအဖြစ် အသက် ၁၈ နှစ်အရွယ်ရှိ ဒါဘီဘယ်နောက်ခံလူ ဒီလန်ဝီလျံကို ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ဝီလျံဟာ ပြီးခဲ့တဲ့ရာသီက အက်ဖ်အေဖလားပွဲမှာ ဒါဘီအတွက် ပထမဆုံးပွဲထွက်ခွင့်ရခဲ့ပြီးနောက် အသင်းအတွက် စုစုပေါင်း ၉ပွဲကစားပေးခဲ့ပြီး ဒါဘီအသင်းနည်းပြ ရွန်နီကလည်း ဝီလျံရဲ့အခွင့်အရေးကို တားဆီးမှာမဟုတ်ဘူးလို့ သောကြာနေ့က ပြောခဲ့ပါတယ်။

ဝီလျံက သူ့ရဲ့အင်စတာဂရမ်မှာ ချဲလ်ဆီးနဲ့ စာချုပ်ချုပ်ဆိုနေပုံကို တင်ခဲ့ပြီး ''ကမ္ဘာ့အကြီးမားဆုံးကလပ်အသင်းတစ်သင်းနဲ့ စာချုပ်ချုပ်ဆိုခွင့်ရခဲ့လို့ အတိုင်းမသိဝမ်းသာမိပါတယ်။ ဒါဘီအသင်းရဲ့ဝန်ထမ်းတွေနဲ့ ကစားသမားတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ချဲလ်ဆီးအတွက် ပွဲထွက်ခွင့်ရဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ''လို့ ရေးသားခဲ့ပါတယ်။

ပြောင်းရွှေ့ကြေးကို ဒါဘီအသင်းရဲ့စီမံအုပ်ချုပ်မှုအဖွဲ့ဘက်ကနေ အတည်မပြုသေးပေမယ့် ဘဏ္ဍာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒါဘီအတွက်တော့ အနည်းနဲ့အများဆိုသလို အသက်ရှူချောင်စေနိုင်ပါတယ်။ ဒါဘီဟာ ယခုရာသီကုန်အထိ အသင်းကို ဆက်လက်မောင်းနှင်ခွင့် ရရှိရေးအတွက် ပေါင် ၅သန်း ဘယ်လိုရှာဖွေမလဲဆိုတာ နောက်တစ်ပတ်ထဲမှာ EEL ထံ သတင်းပေးပို့ရမှာဖြစ်ပြီး ဝီလျံက မာရှယ်၊ ဂျာဂျီရယ်ကာ၊ ရှင်နီးနဲ့ ဘယ်လ်ဒေါ့တို့ပြီးနောက် ယခုလအတွင်း ဒါဘီကနေ ထွက်ခွာလာတဲ့ ၅ ဦးမြောက်ကစားသမားဖြစ်လာပါတယ်။

စနေနေ့က နော်တင်ဟမ်ကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရတဲ့ ဒါဘီဟာ ၂၁ မှတ်အလျှော့ခံထားရပြီး အဆင့် ၂၃ နေရာမှာ ရပ်တည်နေရပါတယ်။

#ဒါဘီ #ချဲလ်ဆီး #အပြောင်းအရွှေ့ #ဝီလျံ