အယ်လ်ချီနဲ့ပွဲ ကစားနေချိန်အတွင်း အိမ်ဖောက်ခံလိုက်ရတဲ့ ဘန်ဇီးမား
3:02 PM, 24 January
ဒီတစ်ပတ်ကတော့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီးမားအတွက် ကောင်းမွန်တဲ့ ရက်သတ္တပတ်တော့ မဟုတ်ခဲ့ပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ အယ်လ်ချီနဲ့ ပွဲစဉ်မှာ ဒဏ်ရာကြောင့် ပွဲချိန် ၅၈ မိနစ်မှာပဲ လူစားလဲခဲ့ရသလို ပထမပိုင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီကိုလည်း ဝင်အောင် မကန်နိုင်ခဲ့ပါဘူး။
ဒါပေမယ့် ပွဲပြီးချိန်မှာတော့ ပိုတောင်ဆိုးရွားတဲ့ သတင်းကို ကြားလိုက်ရပါတယ်။ အဲ့ဒါကတော့ စပိန်မီဒီယာ 20 minutes ရဲ့ ဖော်ပြချက်အရ ဘန်ဇီးမားပွဲကစားနေချိန်အတွင်း ဘန်ဇီးမားရဲ့အိမ် ဖောက်ထွက်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ သတင်းတွေအရ သူခိုးတွေဟာ ခြံထဲနေဖြတ်ကာ အိမ်ထဲကို ဖောက်ဝင်ခဲ့တာ ဖြစ်ပါတယ်။ ဘန်ဇီးမားရဲ့ ဇိမ်ခံအိမ်ကြီးဟာ ဆန်ဆီဘက်ရှန်ဒီလော့စ်ရီးယက်စ်မှာရှိပြီး ဖောက်ထွင်းခံရချိန်မှာတော့ အိမ်ထဲမှာ လူမရှိခဲ့ပါဘူး။
ဘန်ဇီးမားဟာ အရင်ကလည်း အိမ်မှာနေရင်း ဓားပြတိုက်ခံခဲ့ရပါသေးတယ်။ ဒါကတော့ နောက်ထပ်တစ်ကြိမ် ဖြစ်ခဲ့တာပါ။ အခင်းဖြစ်ပွားချိန်မှာလည်း ပြင်သစ်သားက ကွင်းထဲရောက်နေတာကြောင့် ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ပထမတစ်ကြိမ်ကတော့ ၂၀၁၉ ဖေဖော်ဝါရီမှာဖြစ်ခဲ့ပြီး အဲ့ဒီတုန်းကလည်း ဘာစီလိုနာနဲ့ပွဲအတွက် အဝေးကွင်း သွားကစားနေရချိန် ဖြစ်ပါတယ်။ ခိုးယူခံရတဲ့ ပစ္စည်းတွေနဲ့ တန်ဖိုးအတိအကျကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။