ရှေ့သို့
Image

အလာဗက်စ်နဲ့ပွဲမှာ အနိုင်ရခဲ့ပြီးနောက့် သူ့ကိုအမြဲ ဝေဖန်နေသူတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ အယ်ဘာ

2:36 PM, 24 January

ဘာစီလိုနာ နောက်ခံလူ ဂျော်ဒီ အယ်လ်ဘာက သူ့ကို အမြဲဝေဖန်နေသူတွေကို တုံ့ပြန်လိုက်ပြီး ခြေစွမ်းဆိုးချိန် ဝေဖန်မှုတွေက သူ့ကို သတ်နေသလို ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဘာစီလိုအသင်းဟာ ယခုနှစ်ရာသီ မက်ဆီ အသင်း ထွက်သွားမှုနဲ့အတူ ရုန်းကန်နေခဲ့ရပါတယ်။

နည်းပြ ရော်နယ် ကိုးမန်းကိုလည်း ရာထူးကနေ ထုတ်ပယ်ပြီး ဇာဗီကို ခန့်အပ်ထားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေပြီး ယမန်နေ့ည အလာဗက်စ်ကို ကပ်နိုင်ခဲ့ပြီးနောက် အဆင့်၄နေရာနဲ့ ၁မှတ်အကွာကို ရောက်လာခဲ့ပါတယ်။ ၃၂နှစ်အရွယ် အယ်ဘာက ကစားပုံကောင်းရင်လည်း အသိအမှတ်ပြု မခံရခြင်းအတွက် ဝေဖန်သုံးသပ်သူတွေကို ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။

အယ်ဘာက “ကျွန်တော့်ကို ကွက်ပြီး ဝေဖန်နေသလို ခံစားရပါတယ်။ အဲ့လို ဖြစ်တာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ကျွန်တော် ဆက်ကပ်ပြသလို ဖြစ်နေတဲ့ ဝေဖန်မှုတွေကို လက်ခံပါတယ်။ ဝေဖန်မှုတွေက အမြဲရှိတယ်ဆိုတာ ကျွန်တော် ခန့်မှန်းနိုင်ပါတယ်” “ကျွန်တော် ပွဲကောင်း၁ပွဲ ကစားနိုင်ခဲ့ရင် သူတို့ ကျွန်တော့်အကြောင်း မပြောပါဘူး။ ကစားပုံ မကောင်းရင်တော့ သူတို့ ပြောကြပါလိမ့်မယ်။ သူတို့ အဲ့လို လုပ်နေတာတွေက ကျွန်တော့်ကို သတ်နေသလိုပဲဆိုတာ ဝန်ခံပါတယ်။ ကျွန်တော် အဲ့ဒါကို လက်ခံရပါမယ်”

“ကျွန်တော့်ကို အသင်းဖော်တွေနဲ့ နည်းပြအဖွဲ့ဝင်တွေ အားလုံး လေးစားကြတာကြောင့် ဝေဖန်တာတွေကို ဂရုမစိုက်ပါဘူး။ ဘာစီလိုနာမှာ စစ်သူကြီးတွေပဲ ရှိခဲ့ပုံရပါတယ်။ စစ်သူကြီးတွေအကြောင်းပဲ ၄၊ ၅နှစ်လောက် ပြောကြပြီး ကျွန်တော်က ၂၈နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် အဲ့ဒါကို အမြဲလက်ခံနိုင်ရပါမယ်”လို့ ဆိုခဲ့ပါတယ်။

အယ်ဘာရဲ့ အသင်းဖော်ဟောင်းဖြစ်သူ နည်ပြ ဇာဗီကလည်း စပိန်သားတစ်ယောက် ယနေ့ည အကောင်းဆုံး ကစားနိုင်ခဲ့ပေမဲ့ ဝေဖန်ခံခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လာမယ့်အပတ်မှာတော့ အရေးပါတဲ့ပွဲစဉ်အဖြစ် အက်သလက်တီကိုနဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

#ဘာစီလိုနာ #အလာဗက်စ် #ကိုးလ်မန်း #ဂျော်ဒီ အယ်လ်ဘာ