ရှေ့သို့
Image

အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဗန်ဒီဘိခ်ကို အငှားနဲ့ ခေါ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့ အဲဗာတန်

12:27 PM, 24 January

အဲဗာတန်အသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ယူနိုက်တက်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်ကို ယမန်နှစ်ရာသီက ရောက်လာခဲ့ပြီးနောက် ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ပုံမှန်ပွဲထွက်ခွင့် ရရှိလိုခဲ့ပါတယ်။

၂၄နစ်သားကို ယခုနှစ်ရာသီ ပွဲထွက်ခွင့်ရမယ်လို့ ယူနိုက်တက်က အသိပေးထားခဲ့ပေမဲ့ အပြောင်းအရွှေ့မှာတော့ နယ်သာလန်သားရဲ့ သတင်းတွေက လှုပ်ခတ်ခဲ့ပါတယ်။ အဲဗာတန်က ကမ်းလှမ်းလာမှုက ဗန်ဒီဘိခ်အတွက် ထွက်ပေါက် ဖြစ်နိုင်ပေမဲ့ တရားမဝင် ချဉ်းကပ်မှုက နောက်ပြန်ဆုတ်သွားခဲ့ပါတယ်။

ဗန်ဒီဘိခ်ရဲ့ အေးဂျင့် အယ်ဘာစ်က “အီတလီ၊ ဂျာမနီနဲ့ အင်္ဂလန်က စိတ်ဝင်စားမှုတွေ ရှိခဲ့ပြီး အဲ့ဒါကကောင်းခဲ့ပေမဲ့ အသင်းက ပူးပေါင်းလာခြင်း မရှိခဲ့ပါဘူး။ စိတ်ပျက်စရာ ဆိုပေမဲ့ သူ့လည်း စိတ်သက်သာရာ ရခဲ့ပါတယ်”“သူ အခွင့်အရေး ရမှာ ဖြစ်ပြီး မိနစ်တွေ ကစားခွင့် ရမှာဖြစ်ပေမဲ့ အဲ့ဒါက အမှန်လားဆိုရင် တစ်ချိန်ကျ ရှင်းရှင်းလင်း သိရမှာပါ။ အရင်က အဲ့လိုမျိုး ကတိပေးခံခဲ့ရပေမဲ့ အဲ့ဒါက ကျွန်တော်တို့ ရှင်းလင်းတဲ့ သဘောတူညီချက် ရှိခဲ့တာကြောင့် အသင်းကိုပဲ ယုံကြည်ရမှာပါ”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး အယ်ဘာစ်က “ပျော်နေလား၊ စိတ်ပျက်နေတာလားဆိုတာတော့ ပြောမှာ မဟုတ်ပေမဲ့ ဗန်ဒီဘိခ်က ပွဲကစားရတာ ကြိုက်ပြီး အပတ်တိုင်း ကစားချင်တယ်ဆိုတာ အားလုံး သိကြပါတယ်။ ဒါကြောင့် သူ အလိုချင်ဆုံး အရာက အားလုံးသိပြီးသား အဖြေဖြစ်မှာပါ”လို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပေါ့ဂ်ဘာကို ဆက်ထိန်းပြီး ဗာရာနီ၊ ဆန်ချိုနဲ့ ရော်နယ်ဒိုတို့ကို ခေါ်ယူထားခဲ့ပြီးနောက် ယခုနှစ်ရာသီ ဘယ်လိုကစားမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိထားခဲ့ပါတယ်။ အသင်းနဲ့ နီးစပ်သူတွေက ပြောရာမှာ တာဝန်ရှိသူတွေဟာ နွေရာသီ အပြောင်းအရွှေ့ လုပ်ဆောင်မှုအတွက် ကျေနပ်နေကြပြီး ကစားသမားတွေကလည်း အသင်းအပေါ် ပေးဆပ်လိုစိတ်ရှိတယ်လို့ ယုံကြည်နေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အဲဗာတန် #အပြောင်းအရွှေ့ #ဗန်ဒီဘိခ်