ရှေ့သို့
Image

ဘရိုက်တန်စတား ဘစ်ဆူးမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်တဲ့ နယူးကာဆယ်

3:47 PM, 23 January

နယူးကာဆယ်အသင်းဟာ ဘရိုက်တန်စတား ဘစ်ဆူးမားကို ခေါ်ယူဖို့ တနင်္ဂနွေနေ့တုန်းက ဆွေးနွေးနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ အက်စ်တွန်ဗီလာအသင်းကလည်း ဘစ်ဆူးမားကို စိတ်ဝင်စားနေပြီး နယူးကာဆယ်ကတော့ တရားဝင် ချည်းကပ်လာခဲ့တာ ဖြစ်ပါတယ်။

ဘရိုက်တန်ဘက်ကတော့ မာလီစတားကကို ပေါင်သန်း ၅၀ လောက်အလိုရှိနေပြီး စာချုပ်သက်တမ်းက ၁၈ လသာကျန်တော့တာဖြစ်ပါတယ်။ ဘစ်ဆူးမားရဲ့လစာငွေတောင်းဆိုမှုက ခက်ခဲနိုင်တဲ့အနေအထားမှာ ဗီလာအသင်းအနေနဲ့ ဘန်တန်ကာ နဲ့ ကာမာရာတို့ကို ချိတ်ဆက်ဖွယ်ရှိနေပါတယ်။

ဘစ်ဆူးမားကို ခေါ်ယူဖို့အတွက် နယူးကာဆယ်အနေနဲ့ အများအပြားသုံးစွဲရဖွယ်လည်းရှိနေပါတယ်။ ဘစ်ဆူးမားကို ပရီးမီးယားလိဂ် နဲ့ ဥရောပကလပ်အသင်းကြီးတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။  ဒါပေမယ့် ဘရိုက်တန်အသင်းဘက်ကတော့ နွေရာသီမတိုင်ခင်အထိ ဘစ်ဆူးမားကို အသင်းမှာ ဆက်ထိန်းဖွယ်ရှိနေပါတယ်။

အခြားတစ်ဖက်မှာလည်း နယူးကာဆယ်အသင်းဟာ လေဗာကူဆင်ဘယ်နောက်ခံလူ ဘက်ကာကို ချိတ်ဆက်နေပြီး ပေါင် ၁၆ သန်းနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် နယူးကာဆယ်ဟာ ဒီယေဂိုကားလို့စ် နဲ့ တော့တင်ဟမ်ကွင်းလယ်လူ အယ်လီတို့ကိုလည်း ချိတ်ဆက်နေပါတယ်။

ယူနိုက်တက်စတား လင်ဂတ်ကို ခေါ်ယူဖို့လည်း ချိတ်ဆက်နေပေမယ့် ယူနိုက်တက်ဘက်က တုံ့ပြန်မှုကို စောင့်နေတာဖြစ်ကာ အဆင်မပြေခဲ့ရင် အယ်လီကို ကြိုးပမ်းဖွယ်ရှိနေပါတယ်။

#နယူးကာဆယ် #ဘရိုက်တန် #ဘစ်ဆူးမား