ရှေ့သို့
Image

အက်စ်တွန်ဗီလာစတား မက်ဂင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ယူနိုက်တက်

3:39 PM, 23 January

စနေနေ့က အဲဗာတန်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ မက်ဂင်းတစ်ယောက် ခြေစွမ်းပြခဲ့ပြီး ယူနိုက်တက်ရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ ဘွန်ဒီယာက ပထမပိုင်းမှာ အသင်းအတွက် အနိုင်သေချာစေမယ့် တစ်လုံးတည်းသောဂိုးကို ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့ပါတယ်။

အဆိုပါပွဲမှာ မက်ဂင်းက စွမ်းဆောင်ရည်ကောင်းတွေပြသခဲ့ပြီး ယူနိုက်တက်က ကွင်းလယ်ပိုင်းအတွက် ပစ်မှတ်ထားလာတယ်လို့ တယ်လီဂရက်ဖ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်ဟာ မက်ဂင်းကို ခေါ်ယူချင်နေတာကြာပြီဖြစ်ကာ အခုတော့ ယူနိုက်တက်ပရိသတ်တွေပါ သဘောကျလာခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်တာဝန်ရှိသူတွေက အခုဇန်နဝါရီအပြောင်းအရွှေ့မှာ ကွင်းလယ်ပိုင်းကို အားဖြည့်ချင်နေတာဖြစ်ပါတယ်။ တိုမီနေး နဲ့ ဖရက်ဒ်တို့ ခြေစွမ်းပြနေပေမယ့် ပေါ့ဂ်ဘာ နဲ့ ဗန်ဒီဘိခ်တို့ အနာဂတ်က မသေချာတာကြောင့် အစားထိုးဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဗီလာအသင်းဘက်က သူတို့ရဲ့အဓိကကွင်းလယ်လူတစ်ဦးကို ဆက်ထိန်းဖို့ ပြင်ဆင်သွားဖွယ်ရှိနေပါတယ်။ ရန်နစ်က ကွင်းလယ်ပိုင်းအတွက် ဖရက်ဒ် နဲ့ တိုမီနေးတို့ ၂ ဦးတည်းကိုသာ အားကိုးနေရတာကို လျော့ချဖို့ ပြင်ဆင်နေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အက်စတွန်ဗီလာ #မက်ဂင်း