ရှေ့သို့
Image

ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ကွင်းလယ်လူ တိုမီနေးရဲ့ အခြေအနေ မပြင်းထန်

1:47 PM, 20 January

ဗုဒ္စဟူးည ဘရန့်ဖို့ဒ်အသင်းကို အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရခဲ့ပေမယ့်လည်း ကွင်းလယ်လူ တိုမီနေးရဲ့ အခြေအနေဟာ မပြင်းထန်ကြောင်း သိရှိရပြီး ဝက်စ်ဟမ်းနဲ့ပွဲမှာ ပါဝင်နိုင်မယ်လို့ဆိုပါတယ်။ အသက်၂၅နှစ်အရွယ် ကစားသမားဟာ ဒုတိယပိုင်းတွင် ခြေစွမ်းပြသနိုင်ခဲ့ပြီး ယူနိုက်တက်ဟာလည်း ဘရန့်ဖို့ဒ်ကို အလဲထိုးနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ နောက်ကျောဒဏ်ရာ ရခဲ့တဲ့ တိုမီနေးဟာ ဆက်ကစားရန် ကြံရွယ်ခဲ့ပေမယ့်လည်း အဆုံးမှာ လူစားလဲလိုက်ရတာ ဖြစ်ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ယူနိုက်တက်ဟာ ဒုတိယပိုင်းတွင် ၃ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်းမှာလည်း အဝေးကွင်း နိုင်ပွဲ၃၀၀မြောက် ဖြစ်ခဲ့သည်။ ပွဲအပြီးမှာ နည်းပြ ရန်းနစ်က တိုမီနေးရဲ့ ဒဏ်ရာအခြေအနေကို ဖွင့်ဟခဲ့သည်။ “တိုမီနေးက နောက်ကျောဒဏ်ရာရထားတယ် အသက်ရူနူန်းလည်း မမှန်ဘူး အဝတ်စားလဲခန်းမှာ သူနဲ့စကားပြောဖြစ်တယ် စနေနေ့အတွက် သူ အိုကေသင့်ပါတယ်။” ဟု ပြောကြားသွားခဲ့သည်။

ယူနိုက်တက်ပရိသတ်တွေအတွက် ဒါဟာ သတင်းကောင်း ဖြစ်ပြီး တိုမီနေးဟာ တစ်ပွဲပယ်ပြစ်ဒဏ်ကနေ ပြန်လည်ဝင်ကစားခဲ့တာ ဖြစ်ပြီး ဘရန့်ဖို့ဒ် ကွင်းမှာ သူရဲ့ ခြေစွမ်းကောင်းကို ပြသနိုင်ခဲ့ပါတယ်။ စကော့တလန်သားဟာ ပွဲအတွင်း သူရဲ့ ပေးပို့မှု ၉၀% အောင်မြင်ခဲ့ပြီး ဘောလုံးဆယ်ယူနိုင်မှု ၁၁ကြိမ် ၊ တစ်ဦးချင်းအသာရမှု ၉ကြိမ်၊ ယူနိုက်တက်ရရှိတဲ့ ဒုတိယဂိုးနှင့် တတိယဂိုးတွေမှာလည်း ပါဝင်ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘရန့်ဖို့ဒ် #မက်တိုမီနေး #ရန်းနစ်