ရှေ့သို့
Image

အနိုင်ရလိုစိတ် ယူဆောင်လာပေးတဲ့ ကွန်တီကို ပီတာခရော့ချ် ချီးကျူး

9:16 AM, 20 January

ယမန်နေ့ညက တော့တင်ဟမ်အသင်းဟာ လက်စတာကို ၂-၁ ဂိုးနဲ့ အရေးနိမ့်နေခဲ့ရာကနေ ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် တိုက်စစ်မှူးဟောင်း ပီတာခရော့ချ်က အနိုင်ရလိုစိတ် ယူဆောင်လာပေးတဲ့ တော့တင်ဟမ်နည်းပြ ကွန်တီကို အသိအမှတ်ပြုချီးကျူးသွားပါတယ်။

ကွန်တီအနေနဲ့ တော့တင်ဟမ်နည်းပြဘ၀ ပထမဆုံးလိဂ် ရှုံးပွဲနဲ့ ရင်ဆိုင်ရဖို့ နီးစပ်ခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ လူစားဝင်ကစားသမား ဘာ့ဂျ်ဗင်းက ၂ဂိုး ဆက်တိုက်သွင်းယူလိုက်လို့ အရေးနိမ့်နေရာကနေ အမှတ်ပြည့်ပါ ရယူနိုင်ခဲ့ပါတယ်။

၇၉ မိနစ်မှာ လူစားဝင်လာတဲ့ ဘာ့ဂျ်ဗင်းဟာ နာကျင်အချိန်ပို ၅ မိနစ်မှာ တော့တင်ဟမ်အတွက် ချေပဂိုး သွင်းယူနိုင်ခဲ့သလို နာကျင်အချိန်ပို ၇ မိနစ်မှာ အနိုင်ဂိုးပါသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ခရော့ချ်က ဘာ့ဂျ်ဗင်းရဲ့စွမ်းဆောင်ရည်ကို သဘောကျခဲ့ပေမယ့် ကစားသမားတွေရဲ့စိတ်ဓာတ်ကို ပြောင်းလဲပေးနိုင်ခဲ့တဲ့အတွက် ကွန်တီကိုလည်း ချီးကျူးရမှာဖြစ်ကြောင်း ပြောပါတယ်။
လီဗာပူး တိုက်စစ်မှူးဟောင်းလည်းဖြစ်တဲ့ ခရော့ချ်က ကွန်တီအနေနဲ့ အသင်းကို ပွဲမပြီးခင်မှာပဲ ပျော့ညံ့တဲ့အသင်းအဖြစ်ကနေ အနိုင်ရလိုစိတ်ပြင်းပြတဲ့အသင်းအဖြစ် ပြောင်းလဲနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

''ကွန်တီက အသင်းကို အနိုင်ရလိုစိတ်တွေ ယူဆောင်လာပါတယ်။ တော့တင်ဟမ်ဟာ နေရာအများစုမှာ ပျော့ညံ့တဲ့အသင်းဖြစ်နေတာ နည်းနည်းကြာပါပြီ။ ဒါပေမဲ့ အခုတော့ ကွန်တီရောက်လာမှုနဲ့အတူ အသင်းရဲ့ကစားပုံက တကယ့်ဂရိတ်ပါပဲ။ သူတို့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်က မျှော်လင့်စရာအကောင်းဆုံးပါပဲ။ ပရိသတ်တွေလည်း ယုံကြည်မှုရှိလာပါပြီ''လို့ ခရော့ချ်က ပြောပါတယ်။

#တော့တင်ဟမ် #ကွန်တီ #လက်စတာ #ပီတာခရော့ချ်