ရှေ့သို့
Image

ရုန်းကန်နေရချိန်မှာတောင် ပရိသတ်တွေရဲ့ အားပေးမှု မလျော့သွားတဲ့အပေါ် ဝါနာ မယုံနိုင်အောင်ဖြစ်နေ

12:01 PM, 19 January

ချဲလ်ဆီးတိုက်စစ်မှူး တီမို ဝါနာက တိုက်စစ်မှာ ဂိုးသွင်းဖို့ ရုန်းကန်နေရပေမဲ့ ယခုထိ အားပေးနေဆဲ ပရိသတ်တွေအပေါ် မယုံနိုင်အောင် ဖြစ်နေတယ်လို့ ဝန်ခံခဲ့ပါတယ်။  ဂျာမန်သားဟာ ၂၀၂၀ခုနှစ် လိုက်ပ်ဇစ်ကနေ ရောက်ရှိလာခဲ့ပြီးနောက် ၇၉ပွဲ ကစားထားရာမှာ ၁၈ ဂိုး သွင်းထားခဲ့ပါတယ်။

ဒါပေမဲ့ ဝါနာတစ်ယောက် ဂိုးသွင်းတာထက် လွဲချော်မှုတွေက ပိုများတာကြောင့် ဝေဖန်မှုတွေနဲ့ အမြဲလိုလို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ ယခုလို အချိန်ထိ ပရိသတ်တွေထံကနေ အားပေးမှုတွေ ရရှိနေဆဲလို့ ဝါနာက ပြောခဲ့ပါတယ်။

ဝါနာက “ချဲလ်ဆီးပရိသတ်တွေရှေ့ ကစားရတာ အရမ်းပျော်ဖို့ကောင်းပြီး သူတို့က ကျွန်တော်တို့ကို အားပေနေဆဲ ဖြစ်ပါတယ်။ အားပေးမှုတွေကြောင့် ကျွန်တော် အခွင့်အရေး လွဲချော်ချိန်တွေ၊ ခက်ခဲတဲ့အချိန်တွေမှာ အားတက်စရာ ဖြစ်လာစေပါတယ်”“ကျွန်တော် ပွဲတိုင်း ၁၀၀% အသင်း ပျော်ရွှင်ရအောင် အစွမ်းကုန် အားထုတ်ကစားခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဝါနာဟာ ယမန်နှစ်ရာသီက အခွင့်အရေးကောင်း ၁၈ကြိမ်အထိ လွဲချော်ခဲ့ကြောင်း ပရီးမီးယားလိဂ်က ဖော်ပြထားပါတယ်။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်က ဆိုးရွားတဲ့ လွဲချော်မှုကတော့ ကမ္ဘာကျော်သွားခဲ့ပါတယ်။

ယမန်နှစ် မတ်လက ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဝါနာတစ်ယောက် ၆ပေအကွာက ကန်ခွင့်ရခဲ့ပေမဲ့ ကန်ချက် အားပျော့မှုကြောင့် ဂိုးသမား ကော်တိုရစ် ကာကွယ်သွားနိုင်ခဲ့ပါတယ်။

#ချဲလ်ဆီး #ဝါနာ