ရှေ့သို့
Image

မြင့်မားလွန်းတဲ့ ပြောင်းရွှေ့ကြေးရဲ့ ဖိအားကြောင့် ဆန်ချို ရုန်းကန်နေရတာလို့ ရန်နစ် ပြော

9:55 AM, 19 January

မန်ချက်စတာယူနိုက်တက်ယာယီနည်းပြကြီး ရာ့ဖ်ရန်နစ်က တောင်ပံကစားသမား ဂျေဒန်ဆန်ချို ခြေစွမ်းပြဖို့ ရုန်းကန်နေရတာဟာ ဒေါ့မွန်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့စဉ်က ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၇၃ သန်းရဲ့ ဖိအားအောက် ရောက်နေလို့ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ရန်နစ်ဟာ ပြီးခဲ့တဲ့အပတ်က အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ အင်္ဂလန်တောင်ပံကစားသမားနဲ့ စကားပြောခဲ့ပြီးနောက် အရန်ခုံမှာပဲထိုင်ခိုင်းခဲ့ပြီး ဆယ်ကျော်သက်ကစားသမားလေး အန်တိုနီအီလန်ဂါကိုပဲ ပွဲထွက်လူစာရင်းထဲ ထည့်သွင်းသွားခဲ့ပါတယ်။ ဆန်ချိုဟာ ယူနိုက်တက် အတွက် ပွဲပေါင်း ၂၃ ပွဲကစားခဲ့ပြီးဖြစ်ပေမယ့် သွင်းဂိုး ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု တစ်ကြိမ်မှ မပြုလုပ်နိုင်သေးပါဘူး။

ရန်နစ်ကတော့ ဆန်ချိုခုလိုဖြစ်နေတာဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက အိုးလ်ထရက်ဖို့ဒ်ကို မြင့်မားလွန်းတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့အတွက် မျှော်လင့်ချက်တွေကလည်း ကြီးမားလွန်းနေတာကြောင့် ဖိအားဒဏ်ခံစားနေရတယ်လို့ ယုံကြည်နေပါတယ်။ ရန်နစ်က “ဒါက သူ့အတွက် မတူညီတဲ့လိဂ်တစ်ခုဖြစ်နေပါတယ်။ ပြီးတော့ ကမ္ဘာ့အကြီးဆုံး အသင်းတစ်သင်းမှာ ကစားနေရတာပါ။ ၁၈ နှစ်အရွယ် ပါရမီရှင်လူငယ်ကစားသမားတစ်ယောက်အနေနဲ့ ဒေါ့မွန်မှာ ကစားခဲ့၇တာနဲ့တော့ လုံးဝကို ကွားခြားနေပါလိမ့်မယ်။ ဒီအချိန်ကစပြီး တိုးတက်မှုရှိအောင် ကိုယ်တိုင်ကြိုးစားဖို့ပဲ လိုတော့တယ်။ ဒါမှအောင်မြင်မှု ရရှိနိုင်လိမ့်မယ်။ လူငယ်ကစားသမား တစ်ယောက်ဆီက သိပ်မမျှော်လင့်ထားလို့ရပေမယ့် မန်ချက်စတာယူနိုက်တက်လို အသင်းမျိုးကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်လာပြီဆိုရင်တော့ မျှော်လင့်ချက်တွေက အရမ်းကို ကြီးမားနေမှာပါ”

“လူတိုင်းက သူ့ကို အသင်းရဲ့ အကောင်းဆုံး ကစားသမား တစ်ယောက်ဖြစ်စေချင်ကြပါတယ်။ သေချာတာကတော့ ဒီအသင်းမှာ ကစားရတာဟာ သူဒေါ့မွန်မှာကစားရတုန်းကထက် အတွေးအခေါ်တွေရော စိတ်ခံစားချက်တွေပါ စိန်ခေါ်မှုပိုများနိုင်ပါတယ်။ နောက် ၁၀ နှစ်မှာ အသင်းအတွက် ထိပ်တန်းကစားသမားတစ်ယောက် ဖြစ်လာဖို့ဆိုရင် ဒီအဆင့်တွေကို သူသေချာပေါက် ကျော်ဖြတ်ရပါလိမ့်မယ်။ ကျွန်တော်တို့လည်း သူ့ကိုသင်ကြားပေးသွားမှာပါ၊ သူ့အတွက် လိုအပ်တာမှန်သမျှကို ဘေးကနေ ပံ့ပိုးပေးသွားမှာပါ၊ ဒါပေမယ့် နောက်ထပ်တစ်ဆင့်ကို ရောက်နိုင်ဖို့ဆိုရင်တော့ သူနဲ့ပဲဆိုင်သွားပါတယ်။ သူထရိန်နင်မှာ လုပ်ပြနေတာတွေက အကောင်းဆုံး ကစားသမားဆိုတာ သိသာပါတယ်။ ဒါပေမယ့် ထရိန်နင်မှာပဲ ကောင်းနေလို့မရပါဘူး”

ကျွန်တော်သူ့ကို “ထရိန်နင်က ခြေစွမ်းအတိုင်း တကယ့်ပွဲထဲမှာလည်း ကစားဖို့လိုတယ်လို့တောင် ပြောခဲ့သေးတယ်။ ဖန်တီးမှုကောင်းပြီး၊ တိုက်စစ်အားသန်တဲ့ ကစားသမား တစ်ယောက်မှာ မိမိကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိဖို့လိုတယ်။ သူ့မှာအဲ့ဒီလိုခြေစွမ်းမျိုးရှိပြီးသားပါ၊ သံသဝင်စရာတောင်မလိုဘူး။ ဒါပေမယ့် ကျွန်တော်တို့ သူ့ကိုပိုကောင်းတဲ့ စားသမား တစ်ယောက်ဖြစ်လာအောင်၊ ဒေါ့မွန်မှာတုန်းကလို ခြေစွမ်းမျိုးပြန်ရလာအောင် ပံ့ပိုးပေးသွားမှာပါ”လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆန်ချို #ရန်နစ်