ရှေ့သို့
Image

တောတ့င်ဟမ် နောက်ခံလူ အီမာဆင်ကို ခေါ်ယူဖို့ အက်ဒူ ကြိုးစားခဲ့ပေမယ့် အာတီတာ ကိုယ်တိုင် ပယ်ချခဲ့

1:14 PM, 18 January

အာဆင်နယ်နည်းပြ မိုက်ကယ်အာတီတာဟာ ပြီးခဲ့တဲ့နွေရာသီက ကလပ်ဟာ အီမာဆင်ကို ခေါ်ယူရန် ကြိုးစားရာမှာ တားဆီးပိတ်ပင်ခဲ့တယ်လို့သိရပါတယ်။ ဂန်းနားတွေဟာ သြဂုတ်လက ဘာစီလိုနာဆီကနေ အသက်၂၃နှစ်အရွယ်ကစားသမားကို ခေါ်ယူရန် ကြိုးပမ်းခဲ့ပြီး အသင်းဟာ ညနောက်ခံလူအသစ် ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

ကလပ်ရဲ့ နည်းစနစ်ဒါရိုက်တာအက်ဒူဟာ ကြိုတင်ပြီး ကစားသမားနဲ့ဆက်သွယ်ကာ ရင်းနှီးစွာ ဆက်ဆံပြောဆိုထားပြီး အပြောင်းအရွှေ့အပြီးသတ်ဖို့သာ လိုအပ်ခဲ့ပါတယ်။ ဒါပေမဲ့ အာတီတာဟာ ကစားသမားအပေါ်မှာ ယုံကြည်မှုမရှိဘဲ ကလပ်ရဲ့အလားအလာရှိတဲ့ ခေါ်ယူဖို့ရပ်တန့်ရန် တားဆီးခဲ့တာဖြစ်တယ်လို့ဂါးဒီးယန်း ဖော်ပြချက်အရ သိရပါတယ်။

အာတီတာရဲ့ တားဆီးမှုကြောင့် အာဆင်နယ်အသင်းက လက်လျော့ခဲ့ချိန်တွင် လန်ဒန်ဒါဘီပြိုင်ဘက် တော့တင်ဟမ်အသင်းက ကြားဝင် ခေါ်ယူနိုင်ခဲ့ပါတယ်။ ဘက်တစ်မှာ အငှားထွက်ရာတွင် ခြေစွမ်းပြခဲ့တဲ့ အီမာဆင်ကို စပါးအသင်းက ပေါင်၂၆သန်းဖြင့် ကမ်းလှမ်းကာ ခေါ်ယူခဲ့ပြီး တယ်လီဂရပ်ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ ကစားသမားအတွက် ကမ်းလှမ်းချက်က ထင်မှတ်ထားတာထက် ပိုများနေလို့အံ့အားသင့်ခဲ့ရတယ်လို့ဆိုပါတယ်။

ထိုအချိန်တုန်းက အာဆင်နယ်အသင်းဟာ သမိုင်းတလျောက် ရာသီအစ ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်နေရခဲ့ပြီး ဇယားအောက်ခြေမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ အဆိုပါအချိန်က ပရိသတ်တွေဟာ နည်းပြအာတီတာကိုတောင် ထုတ်ပယ်ရန် တောင်းဆိုနေခဲ့ကြပြီး ညာနောက်ခံလူအသစ်တစ်ဦးကိုလည်း ခေါ်ယူရန် ပြင်ဆင်နေခဲ့ပါတယ်။

ဒါပေမဲ့ နောက်ဆုံးမှာတော့ အာတီတာဟာ ဘိုလော့ဂ်နာက နောက်ခံလူ တိုမီယာဆုကို မထင်မှတ်တဲ့ အပြောင်းအရွှေ့အဖြစ် ပေါင်၁၆သန်း ပေးခေါ်ခဲ့ပြီး တဖက်မှာ ဟက်တာဘယ်လာရင်ကိုလည်း ဘက်တစ်ထံ အငှားစေလွတ်ခဲ့ပါတယ်။ ၎င်းအချိန်တုန်းက တိုမီယာဆုရဲ့ ခြေစွမ်းကို အများစုက မသိထားတာကြောင့် ဝေဖန်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ ဂျပန်သားဟာ သူရဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှုဖြင့် ဝေဖန်သံတွေကို တိတ်ဆိတ်စေခဲ့ပါတယ်။

၎င်းဟာ ချက်ချင်းပင် အာတီတာရဲ့ ပွဲထွက်၁၁ယောက်ထဲ ပါခဲ့ပြီး တည်ငြိမ်တဲ့ ခြေစွမ်းကို ပြနိုင်တာကြောင့် ပရီးမီးယားလိဂ် ၁၆ပွဲပါဝင်ကစားရာတွင် နိင်ပွဲများရကာ ဂိုးဖန်တီးမှုတွေလည်း လုပ်ထားနိုင်ခဲ့ပါတယ်။ တဖက်မှာ အီမာဆင်ကတော့ ထင်မှတ်ထားသလို ပရီးမီးယားလိဂ်တွင် အသားမကျသေးဘဲ နည်းပြအာတီတာရဲ့ ခန့်မှန်းချက်တွေက မှန်ကန်ခဲ့တာလည်း ဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #တော့တင်ဟမ် #အပြောင်းအရွှေ့ #အီမာဆင်