ရှေ့သို့
Image

အင်္ဂလိပ်ကလပ်အသင်းတွေ ကမ်းလှမ်းလာရင် ငြင်းဖို့ အသင့်ရှိနေတဲ့ ချဲလ်ဆီး နောက်ခံလူ အန်ဒရီ ခရစ္စတီယန်ဆန်

9:30 AM, 18 January

ချဲလ်ဆီးနောက်ခံလူ အန်ဒရီ ခရစ္စတီယန်ဆန်ဟာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး နွေရာသီ အပြောင်းအရွေ့မှာ အလွတ်ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွေ့တော့မှာပဲ ဖြစ်ပါတယ်။ ဖာဘရီဇီယို ရိုမန်နိုရဲ့ တွစ်တာမှာ တင်ထားတဲ့အဆိုအရ ချဲလ်ဆီးအသင်းပြိုင်ဘက်တွေအဖြစ် အင်္ဂလိပ်ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းချက်ကို ကစားသမားအနေနဲ့ ငြင်းဆိုသွားဖွယ်ရှိပြီး ဘိုင်ယန်မြူးနစ် သို့မဟုတ် ဘာစီလိုနာကို ပြောင်းရွေ့ဖွယ်ရှိတယ်လို့ရေးသားခဲ့တာပါ။

ရိုမန်နိုရဲ့ အသေးစိတ်ရေးသားချက်မှာ "ခရစ္စတီယန်ဆန်နဲ့ ပတ်သက်လို့ သူဟာအသင်းကနေ အလွတ်ပြောင်းရွေ့ကြေးနဲ့ထွက်ခွာမှာပါ။ သို့သော် ကစားသမားဟာ အသင်းကို လေးစားတဲ့အတွက် အင်္ဂလိပ် ကလပ်တွေရဲ့ ကမ်းလှမ်းချက်ကို လက်ခံမှာ မဟုတ်ပါဘူး။ ဘိုင်ယန်မြူးနစ် ဒါမဟုတ် ဘာစီလိုနာကို ရွေးချယ်ပြောင်းရွေ့ဖို့  ရှိပါတယ်။ ဆုံးဖြတ်ချက် မကြာခင် ချမှာပါ"လို ရိုမန်နိုက ရေးသားခဲ့ပါတယ်။

ခရစ္စတီယန်ဆန်ဟာ ချဲလ်ဆီးအသင်းမှာ အသုံးဝင်တဲ့ ကစားသမားတစ်ယောက်ဖြစ်လို့ သူ့ကို အလွတ်ထွက်ခွာခွင့် ပြုရတာဟာ နှမျောဖို့တော့ ကောင်းပါတယ်။ သို့သော် ချဲလ်ဆီးနဲ့ပြိုင်ဘက်အသင်းကြီးတွေဆီ ပြောင်းရွေ့အားဖြည့်လိုက်ရင်တော့ အေတာ်ဆိုးမှာပါ။

အခုအချိန်ထိတော့ အင်္ဂလိပ် ကလပ်အသင်းတွေအနေနဲ့ ခရစ်တီယန်ကို ကမ်းလှမ်းထားတာမျိုးမရှိသေးပါဘူး။ သို့သော် အသင်းကြီး ခြောက်သင်းထဲကတသင်းသင်းကတော့ စိတ်ဝင်စားလာနိုင်ပါတယ်။ အထူးသဖြင့်  ခြေစွမ်းကျဆင်းနေတဲ့ မက်ဂွဲယားနဲ့ လင်ဒီလော့ နေရာကို ဖြည့်တင်းနိုင်ဖို့ ယူနိုက်တက်အနေနဲ့ စိတ်ဝင်စားလာနိုင်ပါတယ်။

ချဲလ်ဆီးမှာ ရူဒီဂါနဲ့ အက်စ်ပီလီကွီတာတို့လဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဖို့ ရှိနေတဲ့အတွက် လာမယ့်နွေရာသီမှာ အသင်းရဲ့ ခံစစ်ကစားသမားလိုအပ်ချက်ဟာ အရေးကြီး ဦးစားပေးဖြစ်လာနိုင်ပါတယ်။

#ချဲလ်ဆီး #ခရစ္စတီယန်ဆန်