ရှေ့သို့
Image

နည်းပြသစ်မရခင် ဒန်ကန် ဖာဂူဆန်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးတော့မယ့် အဲဗာတန်

8:47 AM, 18 January

ရောဘတ်တို မာတီနက်ဇ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ရေး ဆွေးနွေးမှုတွေ ရပ်တန့်နေချိန် ဒန်ကန် ဖာဂူဆန်ဟာ အဲဗာတန်ယာယီနည်းပြတာဝန်ကို ရယူဖို့ အသင့်ဖြစ်နေခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ ရလဒ်တွေ တောက်လျောက်ဆိုးခဲ့ပြီးနောက် နည်းပြ ဘင်နီတက်ဇ်ကို တနင်္ဂနွေညက ထုတ်ပယ်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်ကို လွန်ခဲ့တဲ့ ၆နှစ်က ထုတ်ပယ်ခဲ့တဲ့ မိုရှရီကပဲ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စဉ်းစားလျက် ရှိနေပါတယ်။ မာတီနက်ဇ်ဟာ ပရီးမီးယားလိဂ်ကို ပြန်လာပြီး အလုပ်လုပ်ခွင့်ရမှာ ဖြစ်သလို ပြန်လာဖို့လည်း စိတ်ဝင်စားနိုင်ပါတယ်။

ကတ္တလန်သားက သီယာရီ အွန်နရီကို လက်ထက်နည်းပြအဖြစ် ထားလိုပေမဲ့ အဲဗာတန်ကတော့ ဘယ်လ်ဂျီယံနဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၂သန်းကိစ္စအတွက် သဘောတူညီမှုရခြင်း မရှိသေးပါဘူး။ အဲဗာတန်ကတော့ လက်ရှိ အခြေအနေအပေါ် ယုံကြည်မှုရှိစွာနဲ့ ဖြတ်သန်းနေပြီး အခြားပစ်မှတ်တွေကိုလည်း ရွေးချယ်နေခဲ့ပါတယ်။

အဲဗာတန်တို့ စဉ်းစားနေတဲ့ နည်းပြတွေထဲ ဒါဘီနည်းပြ ဝိန်းရွန်းနီ၊ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း နီကိုကိုဗက်တို့လည်း ပါဝင်နေပါတယ်။ ဒါပေမဲ့ အလောတကြီး နည်းပြသစ် ခန့်အပ်ဖို့ မရှိတဲ့ အခြေအနေမှာ ဖာဂူဆန်က လာမယ့်စနေည အက်စတွန်ဗီလာနဲ့ပွဲစဉ်အတွက် အသင်းကို ပြင်ဆင်လျက် ရှိနေပါတယ်။

ဖာဂူဆန်ဟာ မာကို ဆေးလ်ဗားအသင်းကနေ ထုတ်ပယ်ခံရချိန်မှာလည်း အဲဗာတန်ယာယီနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး ချဲလ်ဆီးကို ၃-၁ဂိုးနဲ့ အနိုင်၊ ယူနိုက်တက်နဲ့ ၁ဂိုးစီသရေ၊ အာဆင်နယ်နဲ့ ဂိုးမရှိသရေ ရလဒ်တွေ ရရှိအောင် စွမ်းဆောင်ပြခဲ့ပါတယ်။ ဖာဂူဆန်အနေနဲ့ ယနေ့ကနေစတင်ကာ အသင်းကို စတင်ပြင်ဆင်မယ်လို့ မျှော်မှန်းထားပြီး အမြဲတမ်းနည်းပြအဖြစ်လည်း တာဝန်ယူချင်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပါတယ်။

#အဲဗာတန် #ဖာဂူဆန် #မာတီနက်ဇ်