ရှေ့သို့
Image

ရီးရဲလ်ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတဲ့ အီဒင်ဟာဇက်

4:43 PM, 17 January

ရီးရဲလ်မက်ဒရစ်တောင်ပံကစားသမား အီဒင်ဟာဇက်ကတော့ လက်ရှိသူ့ရဲ့ ကစားသမားဘဝအပေါ် စိတ်ပျက်လာတာကြောင့် မကြာခင်က အသင်းကနေ ထွက်ခွာတော့မယ်ဆိုပြီး သတင်းထွက်လာပါတယ်။ ဘယ်လ်ဂျီယံဂျာနယ်လစ် ဆာချာတာဗိုလီရီက တနင်္ဂနွေနေ့ ညနေကပဲ ဟာဇက်ဟာ ရီးရဲလ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်နဲ့ ဆေးစစ်ဆေးမှု သဘောတူညီမှု မရခဲ့တာကြောင့် အသင်းကနေ ထွက်ခွာချင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ 

ဟာဇက်ရဲ့ ဘာနေဗျူးမှာရှိခဲ့တဲ့ ကစားသမားဘ၀ တစ်လျှောက်လုံး ဒဏ်ရာပြဿနာတွေနဲ့သာ လုံးပန်းခဲ့ရပြီး တာဗိုလီရီရဲ့ ဖော်ပြချက်အရ အသင်းရဲ့ဆေးအဖွဲ့က ဟာဇက်ကို နောက်တစ်ကြိမ် ခွဲစိတ်ကုသမှုခံယူစေချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပီရက်ဇ်ကတော့ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ၃၁ နှစ်သားကို ခေါ်ယူချင်တဲ့ အသင်းတွေ ပေါ်ထွက်လာစေဖို့ အတွက် ဆက်ကစားစေခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဟာ ယူရို ၁၁၅ နဲ့ ၂၀၁၉ နွေရာသီမှာ ချဲလ်ဆီးကနေ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် ၂ နှစ်ခွဲအချိန်အတွင်းမှာ ၅၉ ပွဲသာ ကစားနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ ပြိုင်ပွဲစုံ ၁၆ ပွဲကစားထားပေမယ့် တစ်ဂိုးမှ သွင်းယူနိုင်ခြင်းမရှိသလို တနင်္ဂနွေနေ့က စပိန်စူပါဖလားဖိုင်နယ်မှာဆိုရင် လူစားဝင်ကစားခွင့်တောင် မရခဲ့ပါဘူး။

#ရီးရဲလ်မက်ဒရစ် #ဟာဇက် #ပီရက်ဇ် #စပိန်စူပါဖလား