ရှေ့သို့
Image

မိုဒရစ်ဟာ ဒုတိယအကြိမ်မြောက် ဘော်လွန်းဒီအော်ဆုနဲ့ ထိုက်တန်တယ်လို့ ပီရက်ဇ် ထောက်ခံပြောကြား

4:31 PM, 17 January

ရီးရဲလ်အသင်းဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်က စပိန်စူပါဖလားရရှိခဲ့ပြီးနောက် မိုဒရစ်ဟာ ဘော်လွန်းဒီအော်ဆုနဲ့ ထိုက်တန်တယ်လု့ိ ထောက်ခံပြောကြားလိုက်ပါတယ်။

အသက် ၃၆ နှစ်သားဟာ ၂၀၁၈ တုန်းက ဘော်လွန်းဒီအော်ဆုကို သိမ်းပိုက်နိုင်ခဲ့ပြီး တနင်္ဂနွေနေ့က အက်သလက်တစ်သတင်းဌာနကို ၂-၀ ဂိုးနဲပ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ခရိုအေးရှားသားဟာ ရီးရဲလ်အသင်းမှာ ခြေစွမ်းပြနေပြီး ပီရက်ဇ်က သူ နဲ့ ကော်တိုရစ်တို့ဟာ လက်ရှိမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတယ်လို့ ယုံကြည်နေပါတယ်။

"မိုဒရစ် နဲ့ ကော်တိုရစ်တို့က လက်ရှိမှာကမ္ဘာ့အကောင်းဆုံးကစားသမားတွေပါ။ မိုဒရစ်ကတော့ တကယ်ကောင်းတဲ့ စွမ်းဆောင်ရည် ပြသခဲ့ပါတယ်။ 

သူက ဘော်လွန်းဒီအော်ဆုနဲ့ ဒုတိယအကြိမ် ထိုက်တန်ပါတယ်"လို့ ပီရက်ဇ်က နိုင်ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

တနင်္ဂနွေနေ့နိုင်ပွဲမှာ ဘယ်နောက်ခံလူ မာဆယ်လိုအတွက်လည်း အကောင်းဆုံးညတစ်ညဖြစ်ခဲ့ကာ ဆုဖလား ၂၃ လုံးအထိ ရယူနိုင်ခဲ့ပါတယ်။

အဆိုပါဆုဖလားအောင်မြင်မှုဟာ အသင်းသမိုင်းတစ်လျှောက် ဆုဖလားအောင်မြင်မှုအများဆုံးရတဲ့ ဂန်တိုကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဂန်တိုဟာ စပိန်အသင်းအတွက် ၁၉၇၁ ကနေ ၁၉၅၃ ခုနှစ်အထိ လာလီဂါဖလား ၁၂ လုံး နဲ့ ဥရောပစူပါဖလား ၆ လုံးလောက်အထိ ရယူနိုင်ခဲ့ပါတယ်။

#ရီးရဲလ်မက်ဒရစ် #ပီရက်ဇ် #မိုဒရစ် #စပိန်စူပါဖလား