ရှေ့သို့
Image

မန်စီးတီးကို လိုက်မီဖို့ ဆိုရင် ဧဝရတ်တောင်ကို တက်နေရသလို ဖြစ်နေလိမ့်မယ်လို့ ဘောလုံးပွဲကျွမ်းကျင်သူတွေ သုံးသပ်

11:37 AM, 17 January

ဘောလုံးကျွမ်းကျင်သုံးသပ်သူတွေ ဖြစ်တဲ့ အီယန်ရိုက် နဲ့ ဒန်နီမာဖီတို့ကတော့ လီဗာပူး နဲ့ ချဲလ်ဆီးတို့အနေနဲ့ မန်စီးတီးကို လိုက်မီဖို့ဆိုရင် ဧဝရတ်တောင်ပေါ် တက်နေရသလို ဖြစ်နေလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ချဲလ်ဆီးကို ကျော်ဖြတ်ပြီး အဆင့် ၂ နေရာကို တက်ရောက်လာနိုင်ခဲ့ကာ မန်စီးတီးကို အနီးကပ်ဆုံးဖိအားပေးနိုင်တဲ့အသင်းအဖြစ် ရပ်တည်နေပါတယ်။

ဒါပေမယ့် စီးတီးအသင်းဟာ ဒုတိယနေရာက လီဗာပူးအသင်းကို ရမှတ် ၁၁ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပါတယ်။

အခြားအသင်းတွေက ဒဏ်ရာရကစားသမားတွေ နဲ့ အာဖရိကဖလားပွဲစေလွှတ်ရတာတွေကြောင့် အရေးပါတဲ့ကစားသမားတွေ ဆုံးရှုံးနေချိန်မှာ မန်စီးတီးက အသာစီးရနေတာဖြစ်တယ်လို့ ရိုက် နဲ့ မာဖီတို့က ခံစားနေရပါတယ်။

"မန်စီးတီးက တစ်ပြေးနေပါတယ်။ ဘယ်သူမှ သူတို့ဆီကနေ အမှတ်မယူနိုင်ပါဘူး။ လီဗာပူးကတော့ အနီးစပ်ဆုံးပါ။ ဒါပေမယ့် ပွဲတိုင်းနီးပါးနိုင်ဖို့ လိုအပ်ပါတယ်။

ဒါပေမယ့် သူတို့ အဓိကကစားသမား ၂ ဦးပြန်လာဖို့လည်း လိုပါတယ်။ အဲ့တာမှသာ အဆင်ပြေမှာပါ။ စီးတီး အမှတ်လျော့မယ်လို့ မမြင်ပါဘူး။ ဒါပေမယ့် လီဗာပူးကလည်း အမှတ်လျော့အောင် လုပ်နိုင်မှာမဟုတ်ပါဘူး" လို့ ရိုက်က ပြောကြားခဲ့ပါတယ်။

လီဗာပူးဟာ အဓိကကစားသမားတွေဖြစ်တဲ့ ဆာလက် ၊ မာနေး နဲ့ ကီတာတို့ မပါပဲ ကစားနေရတာ ဖြစ်ပါတယ်။

ရိုက်နည်းတူ လီဗာပူးကွင်းလယ်လူဟောင်း ဒန်နီမာဖီက ဂွါဒီယိုလာရဲ့ မန်စီးတီးကို လိုက်မီဖို့ ခက်ခဲနိုင်တယ်လို့ ယုံကြည်ပါတယ်။

"အခုချိန်မှာ လီဗာပူးက စွမ်းဆောင်ရည်ထက် ရလဒ်က ပိုကောင်းနေပါတယ်။ စီးတီးကို လိုက်မီဖို့ဆိုရင် ဧဝရတ်တောင် တက်ရသလိုပါပဲ။ ဒါပေမယ့် ဧဝရတ်တောင်ကိုက တက်ပြီးသားပါ။

လီဗာပူးဟာ ပြီးခဲ့တဲ့နှစ်တွေတုန်းက စီးတီးကို ဖိအားပေးနိုင်တဲ့အသင်းတစ်သင်းပါ"လို့ မာဖီက ပြောကြားခဲ့ပါတယ်။

#လီဗာပူး #မန်စီးတီး #ချဲလ်ဆီး #အီယန်ရိုက် #မာဖီ