ရှေ့သို့
Image

ဗီလာနဲ့ ပွဲအတွက် ၄-၂-၂-၂ ကစားကွက်မှာ အကောင်းဆုံး လူစာရင်းကို ထုတ်လာနိုင်တဲ့ ရန်နစ်

2:56 PM, 15 January

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိပရီးမီးယားလိဂ် ချန်ပီယံလမ်းကြောင်းရဲ့ အပြင်မှာ ရှိနေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့အတွက်ကိုလည်း အဆင့်တက်နိုင်ဖို့ လိုအပ်နေပါတယ်။ ယူနိုက်က်ဟာ ပြီးခဲ့တဲ့တနင်္လာနေ့ကမှ FA ဖလားပြိုင်ပွဲမှာ အက်စတွန်ဗီလာကို အနိုင်ရရှိခဲ့ပြီး ဒီနေ့ညမှာလည်း စတီဗင်ဂျရတ်ရဲ့အသင်းကို ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဒုတိယအကြိမ် ပြန်လည်တွေ့ဆုံနေပါတယ်။

နည်းပြရာ့ဖ်ရန်နစ်အနေနဲ့တော့ ပြီးခဲ့တဲ့ပွဲစဉ်တုန်းက လူစာရင်းကို အပြောင်းအလဲအနည်းငယ် ပြုလုပ်လာဖွယ်ရှိနေပါတယ်။ ဂျာမန်သားနည်းပြကြီးကတော့ ဗီလာပါ့ခ်မှာ ကစားရမယ့် ယနေ့ညပွဲစဉ်မှာ ဗန်ဒီဘိခ်ကို ပွဲထွက်စာရင်းထဲ ထည့်သွင်းနိုင်တယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒါကြောင့် အရန်ခုံမှာသာ အချိန်ကုန်ဆုံးနေရတဲ့ နယ်သာလန်သားအတွက်တော့ ယနေ့ညပွဲမှာ ဖရက်ဒ်နဲ့အတူ ကွင်းလယ်အထိုင်နေရာမှာ ပွဲထွက်လာဖို့ ရှိနေပါတယ်။

ခံစစ်မှာတော့ ဝမ်ဘစ်ဆာကာနဲ့ တဲလက်စ်တို့ ပြန်လည်ပါဝင်လာဖွယ် ရှိပါတယ်။ ဗဟိုခံစစ်နေရာမှာတော့ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွာရီကို ဗာရာနီနဲ့အတူ ဂိုးသမား ဒေးဗစ်ဒီဂီယာရဲ့ရှေ့မှာ ပွဲထွက်လာဖို့များပါတယ်။ ကွင်းလယ်တိုက်စစ်နေရာအတွက်တော့ ဂျေဒန်ဆန်ချိုကို ဘရူနိုဖာနန်ဒက်စ်နဲ့တွဲပြီး ပြန်လည်ပွဲထုတ်လာဖို့ရှိနေပြီး တိုက်စစ်အတွဲအဖက်အဖြစ်တော့ ကာဗာနီနဲ့ ရော်နယ်ဒိုအတွဲကို ပြန်လည်အသုံးပြုဖွယ်ရှိပါတယ်။

#မန်ချက်စတာယူနိုက်တက် #အက်စတွန်ဗီလာ #ရန်နစ်