ရှေ့သို့
Image

ဗီလာနဲ့ ပွဲအတွက် ပြန်လည်ပါဝင်လာနိုင်မယ့် ကစားသမားတွေကို ပြောကြားလိုက်တဲ့ ရန်နစ်

11:17 AM, 15 January

ယူနိုက်တက်နည်းပြ ရန်နစ်ဟာ ယခု စနေနေ့ညမှာ ကစားမယ့် အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာ ပြန်လည်ပါဝင်လာနိုင်မယ့် ကစားသမားတွေကို ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ FA ပွဲစဉ်မှာ ဗီလာကို အိမ်ကွင်းအိုးထရက်ဖို့မှာ အနိုင်ရခဲ့ပေမယ့် အသင်းရဲ့ အဓိက ကစားသမားသုံးယောက် ဖြစ်တဲ့ ရိုနယ်ဒို ၊ဆန်ချိုနဲ့ မက်ဂွဲရားတို့ မပါဝင်နိုင်ခဲ့ပါဘူး။

တော်မီနေးရဲ့ ခေါင်းတိုက်ဂိုး တစ်ဂိုးနဲ့ ဗီလာကို အိမ်ကွင်းမှာ အနိုင်ရခဲ့တာကြောင့် ဗီလာပက်မှာ သွားရောက် ရင်ဆိုင်ကစားရတဲ့အခါ အသင်းရဲ့ အဓိကကစားသမားတွေ မပါဝင်နိုင်မှာ ကို စိုးရိမ်မှုတွေရှိနေတာပါ ။ ဒါကြောင့် ရန်းနစ်က ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ အထက်ပါ ကစားသမားသုံးယောက်စလုံး ပြန်လည်ပါဝင်နိုင်မယ်လို့ ပြောကြားခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲမှာ"သူတို့ သုံးယောက်လုံးပြန်လည်ကစားနိုင်မှာပါ။ ရိုနယ်ဒိုကမနေ့က လေ့ကျင့်ခန်း ပြန်လုပ်ပါတယ်။ မက်ဂွဲရားက အဲ့ရှေ့တစ်ရက်ထဲကလေ့ကျင့်ခန်းလုပ်ပါတယ်။ သူတို့စနေနေ့ပွဲအတွက် ကစားနိုင်မှာပါ"လို့ ရန်နစ်ကဆိုပါတယ်။

နောက်ထပ် နည်းပြက ဖီးဂျုံးလဲ ပါဝင်ကစားနိုင်မယ်လို့ ဆိုလိုက်ပီး အသင်းရဲ့ ကစားကွက်ကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားရှာဖွေနေပါတယ်လို့ ပြောပါတယ်။ "ကျွန်တော်တို့ ခြေလှမ်းအနည်းငယ်စတင်ပီးပါပြီ။ ဒါပေမယ့် ကျွန်တော်လိုချင်တဲ့ မျှော်လင့်ထားသလို မြန်မြန်တော့ မရသေးပါဘူး။ဒါကိုလဲ ကျွန်တော်သိပါတယ် ။ ဒါပေမယ့် အစီအစဉ်အတိုင်းဆက်သွားနေရပါမယ်။ ကျွန်တော်တို့ ဂိုးပေးရတာတွေ နည်းလာပြီ။ ပွဲကို ထိန်းချုပ်နိုင်ဖို့တော့ လိုပါသေးတယ်။ ကျွန်တော်တို့ တိုးတက်လာတယ်ဆိုပေမယ့် ကစားကွက်အကောင်းဆုံးဖြစ်ဖို့ လိုပါသေးတယ်။ နည်းပြတစ်ယောက်အနေနဲ့ကတော့ ဘယ်တော့မှ စိတ်ရှည်မှာမဟုတ်ဘူး ။မြန်မြန်တိုးတက်ပြီး ပွဲတပွဲဆီတိုင်းကို ရလဒ်ကောင်း လိုချင်တာပါ"

"နိုင်ပွဲတွေရရမယ်။ အမှတ်တွေရရမယ်။ ဝုဒ်ကိုရှုံးတဲ့ပွဲက ပုံစံကောင်းမရှိဘူးဆိုပေမယ့် အခုနောက်ပိုင်း ကျွန်တော်တို့ အမှတ်တွေ စုဆောင်းလာနိုင်ပါပီ။ အသင်းဟာ မျှချေရှိဖို့လိုပါတယ်။ ဘယ်လောက်ပဲ တိုက်စစ်က ဂိုးသွင်းပါစေ ခံစစ်က ဂိုးတွေမပေးရဖို့လဲ လိုပါသေးတယ်"လို့ ရန်းနစ်က ဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အက်စတွန်ဗီလာ #ရန်နစ်