ရှေ့သို့
Image

ချဲလ်ဆီးနဲ့ ပွဲမတိုင်ခင် ကိုဗစ်တွေကြောင့် အရန်အင်အားနည်းပါးနေတယ်လို့ဖွင့်ဟလိုက်တဲ့ ဂွါဒီယိုလာ

11:16 AM, 15 January

မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ချဲလ်ဆီးအသင်းနဲ့ပွဲဟာ ကစားသွားမှာ ဖြစ်သော်လည်း အသင်းမှာ ကိုဗစ်ဖြစ်ပွားမှု တိုးမြင့်လာမှုကြောင့် အရန်အင်အား ရှားပါးလျက် ရှိနေတယ်လို့စိတ်ပျက်စွာဖြင့် ညည်းညူ ပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ ဒီဇင်ဘာနှင့် ဇန်နဝါရီလတွေမှာ ဆက်တိုက်ကစားနေကြတာ ဖြစ်ပြီး အင်္ဂလန်မှာလည်း ကိုဗစ်ဖြစ်ပွားမှု ထပ်မံ များပြားလာတာကြောင့် ပွဲတွေဟာလည်း မကြာခဏ ရွှေ့ဆိုင်းနေရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းမှာကစားသမား ၁၃ယောက်ရှိရင် ပွဲကစားရမည်ဟု ပရီးမီးယားလိဂ်က ထုတ်ပြန်ထားပြီး စီးတီးအသင်းတွင် မန်နေဂျာ ဂွါဒီယိုလာ အပါအဝင် အသင်းအဖွဲ့ဝင် ၂၁ဦးခန့် ပြီးခဲ့တဲ့အပတ်က ကိုဗစ်ကြောင့် isolation ဝင်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံတွေဟာ ချဲလ်ဆီးနဲ့ယနေ့ကစားမယ့် ပွဲမတိုင်မီမှာလည်း ကိုဗစ်ထပ်တွေ့မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် မန်စီးတီးဟာ ရှိတဲ့သူတွေနဲ့ကစားကာ အမှတ်ပေးဇယားကို ၁၃မှတ်ထပ်ဖြတ်နိုင်ဖို့ကြိုးစားလာဖွယ် ရှိပါတယ်။

တစ်ပတ်ကျော်အကြာ အသင်းနဲ့ခတ္တမျှ ကင်းကွာနေတဲ့နောက် ကြာသပတေးမှာ ပထမဆုံး လေ့ကျင်ရေးကို ဦးဆောင်ခဲ့တဲ့ ပက်ဂွါဒီယိုလာက ကိုဗစ် ဘယ်သူတွေကူးသလဲ လေ့ကျင်ရေးမှာ ဘယ်သူတွေ ပြန်ဆင်းသလဲဆိုတာကိုတော့ မပြောခဲ့ပါဘူး။

“ကျွန်တော်တို့မှာ ကစားသမား ၁၁ယောက် ၁၂ယောက်ရှိရင် လုံလောက်ပါတယ်။ ကျွန်တော်တို့ ကစားမှာပါ။ ကျွန်တော်တို့မှာ လူငယ်တွေဖြစ်တဲ့ ကိုးလ် ပဲလ်မာ၊ ဂျိမ်းစ် မက်က္ကတီး နှင့် တခြားကစားသမားတွေ ရှိတယ်။ ကျွန်တော်တို့ကြိုးစားကစားသွားမှာပါ။ အခြေအနေအတော်များများမှာ ကျွန်တော်တို့ဂိုးသမားအပါအဝင် ပထမဆုံး၁၂ယောက်သာ ရှိခဲ့သော်လည်း ပွဲတွေ ကစားခဲ့ပါတယ်။ အက်ဖ်အေမှာဆိုရင် ပထမအသင်း ၁၃ယောက် ၁၄ယောက်သာ ရှိပါတယ်။ အက်စတွန်ဗီလာနဲ့ ပွဲမှာလည်း ဂိုးသမားအပါအဝင် ၁၁ယောက်ရှိတယ် ကျန်တာတွေက လူငယ်ကစားသမားတွေပါပဲ ကျွန်တော်တို့ကစားခဲ့ပါတယ်။ တခြားကလပ်တွေကတော့ ကျွန်တော်လည်း မသိပါဘူး ကိုဗစ်လား ဒဏ်ရာရတာဘဲလား?? ဒဏ်ရာကတော့ အချိန်တိုင်း ဖြစ်နိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။

မန်စီးတီးဟာ ဒီဇင်ဘာလက ဗီလာနဲ့ကစားတဲ့ ပွဲမှာ ပထမအသင်း ကစားသမား ၁၄ယောက်သာ ပွဲထွက်ခဲ့ပြီး လူငယ်ကစားသမား ပဲလ်မာ၊ မက်က္ကတီးတို့ပွဲထွက်ခွင့်တွေ ရခဲ့ပါတယ်။ ဖီးလ်ဖိုဒမ်နှင့် ဂျက်ဂရီးလစ်ရှ်တို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် သာမန်အားဖြင့် ပွဲစဉ်ကို လိုက်ပါရမှာမဟုတ်သော်လည်း အရန်ခုံမှာ ရှိနေခဲ့ရပါတယ်။

ကိုဗစ်ကြောင့် အမှတ်ပေးဖလားတွင် အားသာချက်များ ရရှိထားသည်ဆိုတဲ့ သတင်းတွေကို ပက်ဂွါဒီယိုလာက ပယ်ချခဲ့ပါတယ်။ ချဲလ်ဆီးနည်းပြ တူချယ်က မန်စီးတီးဟာ ကိုဗစ်အခြေအနေကို ကောင်းစွာ ကိုင်တွယ်ထားနိုင်ပြီး ကံကောင်းမှု ရှိတယ်လို့ထုတ်ဖော်ပြောကြားထားပါတယ်။

ဒါပေမဲ့ ဂွါဒီယိုလာက ပြောရာမှာ“ကျွန်တော်တို့တခြားကလပ်တွေနည်းတူ တူညီတဲ့ အခြေအနေ ရှိပါတယ်။ မန်ချက်စတာမှာ ကျွန်တော်တို့က စမစ်အဖြစ်ဆုံး ကိုဗစ်က ဒီကိုလာလည်ဖို့ မကြိုက်ဘူးလို့ပြောနေတာလား? ကျွန်တော်တို့ ကိုဗစ်ဖြစ်ခဲ့တယ် ဒဏ်ရာတွေလည်း ရှိခဲ့တယ် ဘာပြောနိုင်မှာလဲ?? သူတို့ က ကျွန်တော်တို့ ကံကောင်းတယ်လို့ယုံကြည်တယ်ဆိုရင် အိုကေ အဆင်ပြေပါတယ် ဒါက အကြောင်းရင်းလို့ သူတို့ယုံကြည်တယ်ဆိုရင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့မှာ ပိုက်ဆံရှိနေတာကြောင့် တစ်ခါတစ်ရံမှာ ကိုဗစ်ကြောင့် ဖြစ်တယ်လို့ပြောပြန်တယ် ကျွန်တော် မသိတော့ပါဘူး”ဟု ပြောကြားသွားခဲ့ပါတယ်။

#မန်စီးတီး #ချဲလ်ဆီး #ဂွါဒီယိုလာ