ရှေ့သို့
Image

ရန်နစ်နေရာမှာ အင်ဇာဂီနဲ့ အစားထိုးဖို့ မျက်စိကျနေတဲ့ ယူနိုက်တက်

9:10 AM, 15 January

ယူနိုက်တက်အသင်းဟာ ရာသီအကုန်မှာ ရန်နစ်နေရာ အတွက် အင်တာမီလန်နည်းပြ အင်ဇာဂီနဲ့ အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ ယူနိုက်တက်ဟာ ရာသီကုန်မှာ ရန်နစ်ကို ဘုတ်အဖွဲ့ဝင်ထဲထည့်တော့မှာဖြစ်တာကြောင့် နည်းပြသစ်ရှာဖွေနေတာဖြစ်ပါတယ်။

ဒါကြောင့် ယူနိုက်တက်ဟာ လာမယ့်ရာသီသစ်မတိုင်ခင် နည်းပြသစ်ခန့်အပ်ဖို့ အပူတပြင်း ကြိုးပမ်းနေတာဖြစ်ပါတယ်။ နောက်ဆုံးသတင်းတွေအရ ယူနိုက်တက်ဟာ အင်ဇာဂီကို မျက်စိကနေပြီး ကမ်းလှမ်းမှုတွေပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒယ်လိုစပေါ့တ်သတင်းဌာနရဲ့အဆိုအရ အင်ဇာဂီရဲ့အင်တာမီလန်ကစားကွက်ဟာ ထိပ်တန်းအသင်းကြီးတွေကို ဆွဲဆောင်စေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက် နဲ့ အက်သလက်တီကိုတို့က နည်းပြနေရာအတွက် အင်ဇာဂီကို ချဉ်းကပ်လာကြပါတယ်။အင်တာဟာ ပြီးခဲ့တဲ့ရာသီက ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ် ကွန်တီလက်အောက်မှာ စီးရီးအေ ချန်ပီယံဖြစ်ခဲ့ပါတယ်။

လက်ရှိအမှတ်ပေးဇယားမှာလည်း အင်တာဟာ ပွဲ ၂၀ မှာ ၁ ပွဲသာ အရေးနိမ့်ထားပြီး ချန်ပီယံဖြစ်ဖို့ အခြေအနေကောင်းနေပါတယ်။ အခုအပတ်အစောပိုင်းတုန်းက အင်ဇာဂီရဲ့အင်တာမီလန်ဟာ ဂျူဗင်တပ်စ်ကို အနိုင်ယူပြီး ပထမဆုံးဆုဖလားတစ်လုံးရယူထားနိုင်ခဲ့ပါတယ်။

အသက် ၄၅ နှစ်သားရဲ့စာချုပ်သက်တမ်းက နောက်ရာသီမှာ ကုန်ဆုံးမှာဖြစ်ကာ အင်တာတာဝန်ရှိသူတွေက စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးပမ်းနေပါတယ်။ ရန်နစ်ဟာ ယူနိုက်တက်အသင်းမှာ အဆင်မပြေမှုတွေရှိလာနေတယ်လို့ သတင်းတွေက ဆိုလာပါတယ်။

ယူနိုက်တက်စွမ်းဆောင်ရည်ဟာ လိုက်ပ်ဇစ်နည်းပြဟောင်း လက်အောက်မှာ ရလဒ်တွေတိုးတက်လာတယ်ဆိုပေမယ့် လိုအပ်ချက်တွေရှိနေသေးတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #အင်ဇာဂီ #ရန်နစ်