ရှေ့သို့
Image

နောက်ထပ် ခေါ်ယူမှုတွေပြလုပ်ဦးမှာဖြစ်တယ်လို့ ဂျရတ် ထုတ်ဖော်ပြောကြား

8:50 AM, 15 January

အက်စ်တွန်ဗီလာအသင်းနည်းပြ ဂျရတ်က ကော်တင်ဟိုနဲ့ ဒစ်ဂ်နီတို့ကို ခေါ်ယူထားခဲ့ပေမယ့် နောက်ထပ် ခေါ်ယူမှုတွေပြုလုပ်ဦးမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဗီလာအသင်းဟာ အခုဇန်နဝါရီအပြောင်းအရွှေ့မှာ ခပ်သွက်သွက် လှုပ်ရှားနေပြီး ကော်တင်ဟိုကို အငှားနဲ့ ဒစ်ဂ်နီကို ပေါင် ၂၅ သန်းပေးချေပြီး ခေါ်ယူထားပါတယ်။ ယူနိုက်တက်နဲ့ပွဲမတိုင်ခင် ဂျရတ်က ကွင်းလယ်လူတစ်ဦး နဲ့ နောက်ခံလူတစ်ဦးခေါ်ယူဦးမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"အခွင့်အရေးတွေရှိလာဦးမှာပါ။ အသင်းကို တိုးတက်အောင် နောက်ထပ်ခေါ်ယူမှုတွေလုပ်ဖို့ အသင့်ပါပဲ။ ဒဏ်ရာရ နဲ့ ပွဲပယ်တွေကနေ ကာကွယ်နိုင်ဖို့ လိုအပ်ပါတယ်။ အသင်းမှာ နောက်ခံလူ ၄  ဦးရှိတာကို သဘောကျပါတယ်။ ကျွန်တော်တို့မှာ ၃ ဦးပဲရှိပါတယ်။ အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာနေပါတယ်"လို့ ဂျရတ်က ပြောကြားခဲ့ပါတယ်။

ကော်တင်ဟိုဟာ လီဗာပူးကနေ ဘာစီလိုနာကို ပေါင် ၁၄၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် အခုတစ်ကြိမ် ပရီးမီးယားလိဂ်ကို ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒစ်ဂ်နီကတော့ အဲဗာတန်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေပေမယ့် ဘင်နီတက်ဇ်နဲ့ အဆင်မပြေတာကြောင့် ဗီလာကို ရောက်လာခဲ့တာဖြစ်ပါတယ်။

#အက်စတွန်ဗီလာ #အပြောင်းအရွှေ့ #ကော်တင်ဟို #စတီဗင်ဂျရတ်