ရှေ့သို့
Image

ကော်တင်ဟိုနဲ့ ဗီလာအသင်းမှာ အတူတူမကစားနိုင်ဘူးဆိုတဲ့ သတင်းတွေကို ဘွန်ဒီယာ ငြင်းဆို

2:46 PM, 14 January

အက်စ်တွန်ဗီလာစတား ဘွန်ဒီယာက ကော်တင်ဟိုနဲ့ အသင်းမှာ အတူတူတွဲမကစားနိုင်ဘူးဆိုတဲ့ သတင်းတွေဟာ အခြေအမြစ်မရှိတဲ့သတင်းတွေလို့ တုံ့ပြန်ခဲ့ပြီး ဘရာဇီးသားနဲ့ ချိတ်ဆက်ကစားမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းထံကနေ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ကာ  စနေနေ့မှာ ကစားမယ့် ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

အသက် ၂၉ နှစ်သားဟာ ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးဖြစ်ပြီး ကော်တင်ဟိုဟာ ပွဲထွက်ခွင့်နေရာအတွက် အားပြိုင်ဖို့ ရောက်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘွန်ဒီယာက ကော်တင်ဟိုအရည်အချင်းကို ချီးကျူးခဲ့ပြီး ဘရာဇီးသားဆီကနေ သင်ယူရဦးမယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

"ဒါပေါ့ သူကထိပ်တန်းကစားသမားတစ်ဦးပါ။ ကစားသမားဘဝတစ်လျှောက် သူက အကောင်းဆုံး စွမ်းဆောင်ရည်တွေပြသထားတာပါ။ လီဗာပူးမှာလည်း သူက အကောင်းဆုံးကစားသမားတစ်ဦးပါ။ ဒီလိဂ်မှာ သူဘာလုပ်ထားသလဲဆိုတာ သက်သေပြထားပြီးသားပါ။ အသင်းထံကို အရည်အချင်းကောင်းတွေအများကြီး ယူဆောင်လာမှာပါ။ သူနဲ့အတူတူကစားရမှာကို ပျော်ပါတယ်။ ကျွန်တော်တို့က တူညီတဲ့ကစားသမားတွေဖြစ်ပေမယ့် အသင်းမှာ အတူတူကစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ သူ့ဆီကနေ ကျွန်တော်အများကြီး သင်ယူနိုင်မှာပါ”လို့ ဘွန်ဒီယာက ပြောကြားခဲ့ပါတယ်။

ဘွန်ဒီယာအတွက် လာမယ့်နှစ်ကမ္ဘာ့ဖလားရှိနေတာကြောင့် ပွဲထွက်ခွင့်ရဖို့ အရေးကြီးနေပါတယ်။

#အက်စတွန်ဗီလာ #ဘာစီလိုနာ #ကော်တင်ဟို #ဘွန်ဒီယာ