ရှေ့သို့
Image

ရော်နယ်ဒိုကိုသာ အသင်းခေါင်းဆောင်ခန့်ပါလို့ ရန်နစ်ကို ပြောလိုက်တဲ့ ယူနိုက်တက် ပရိသတ်များ

1:20 PM, 14 January

ယူနိုက်တက်ပရိသတ်တော်တော်များများကတော့ ရော်နယ်ဒိုကို အသင်းရဲ့ အသင်းခေါင်းဆောင် အသစ်အဖြစ် ခန့်အပ်ဖို့အတွက် ရန်နစ်ကို တောင်းဆိုလိုက်ကြပါတယ်။

အဆိုပါတောင်းဆိုမှုဟာ ပေါ်တူဂီနိုင်ငံသားရဲ့ Sky Sports နှင့်အင်တာဗျူးပြီးနောက် ထွက်ပေါ်လာတာဖြစ်ပြီး အဲ့ဒီအင်တာဗျူးမှာ ရော်နယ်ဒိုက ပရီးမီးယားလိဂ်မှာအမှတ်ပေး ဇယားမှာ အဆင့်တက်ဖို့က ယူနိုက်တက်အတွက် ဘယ်လောက်အရေးကြီးကြောင်း ပွဲတိုင်းကို နိုင်လိုစိတ်ဖြင့် ကစားရမှာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

ရော်နယ်ဒိုဟာ ဩဂုတ်လရဲ့အပြောင်းအရွေ့နောက်ဆုံးရက်မှာ ယူနိုက်တက်သို့ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂ နှစ် စာချုပ် ချုပ်ဆိုခဲ့ကာ အသင်းဟာ ပရီးမီးယားလိဂ်ဆုဖလားရရှိဖို့ တွန်အားပေးရန် ကူညီပေးနေတာ ဖြစ်ပါတယ်။ နည်းပြဟောင်း ဆိုးလ်ရှားရဲ့လက်အောက် ရာသီအစမှာ ရလဒ်ကောင်းခဲ့သော်လည်း အချိန်တိုအတွင်းမှာ ယူနိုက် တက်ဟာ မန်စီးတီး၊ လီဗာပူးအသင်းတို့ရဲ့ အနောက်သို့ရောက်သွားခဲ့ပြီး လက်ရှိအသင်းရဲ့အနေအထားကလည်း ထိပ်ဆုံး ၄ သင်းနှင့် ၆ မှတ်ကွာဟနေကာ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။

သိသိသာသာတိုးတက်လာဖို့ ယူနိုက်တက်အရေးကြီးကြောင်း ရော်နယ်ဒိုက အသားပေးပြောကြားခဲ့ပြီး “ယူနိုက်တက်ဟာ ဆုဖလားကို ရရှိရင်ရ မရပါက အဆင့် ၂ နဲ့ ၃ မှာသာ ရပ်တည်သင့်ပါတယ်။ အရိုးသားဆုံးပြောရရင် ယူနိုက်တက်အတွက် အခြားအဆင့်တွေ မမြင်မိပါဘူး။ ကျွန်တော့်ရဲ့ မျက်လုံးထဲမှာတော့ ပရီးမီးယားလိဂ်ရဲ့ထိပ်ဆုံး ၃ သင်းအတွင်းဝင်ရောက်ဖို့ ကျွန်တော်တို့က စိတ်ဓာတ်အင်အားက နည်းပါးနေတယ်ဆိုတာကို လက်မခံနိုင်ပါဘူး”

“အဆင့် ၅ ၊ ၆ ၊ ၇ လောက်ယှဉ်ပြိုင်ဖို့ ဒီမှာရှိနေတာ မဟုတ်ပါဘူး၊ ဆုဖလားအတွက်ပြိုင်ဆိုင်ဖို့ ရှိနေတာပါ။ ကျွန်တော်တို့ရဲ့ အကောင်းဆုံး အဆင့်ကို မရောက်သေးဘူးလို့ ကျွန်တော် ထင်ပါတယ်။ တိုးတက်ဖို့ လိုပါသေးတယ်။ ကျွန်တော်တို့ရဲ့စိတ်ဓာတ်ကို ပြောင်းလဲလိုက်မယ်ဆိုရင် ကြီးမားတဲ့ အရာတွေကို အောင်မြင်နိုင်မယ်လို့ ထင်ပါတယ်”လို့ ရော်နယ်ဒိုက ပြောပါတယ်။

လက်ရှိအသင်းခေါင်းဆောင် မက်ဂွါရီဟာ ယခုရာသီ စွမ်းဆောင်ရည်များကြောင့် ဝေဖန်ခြင်းခံနေရပြီး အင်္ဂလန်သား ဆီကနေ အသင်းခေါင်းဆောင် လက်ပတ်ပြန်ယူဖို့ ပရိသတ်အချို့က ပြောဆိုနေကြပါတယ်။
ယူနိုက်တက်ရဲ့အသင်းခေါင်းဆောင်ရာထူးကို ရော်နယ်ဒိုက ရယူသင့်တယ်လို့ ပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ ရေးသားထားကြပါတယ်။

လက်ရှိရာသီမှာ ၁၄ ဂိုး သွင်းယူထားတဲ့ ပေါ်တူဂီနိုင်ငံသားဟာ အသင်းခေါင်းဆောင်လက်ပတ်ကို ရယူဖို့ အတွေ့အကြုံ ရင့်ကျက်သူဖြစ်ပြီး ၂၀၀၈ ခုနှစ်ကတည်းက ပေါ်တူဂီအသင်းရဲ့ အသင်းခေါင်းဆောင် ရာထူးကို တာဝန်ယူခဲ့သူဖြစ်ပါတယ်။ မက်ဂွါရီ မပါဝင်နိုင်တဲ့ ဝုဗ်နှင့်ပွဲမှာ ရော်နယ်ဒိုဟာ အသင်းခေါင်းဆောင် အဖြစ် ပါဝင်ခဲ့ပြီး ဂိုးသမား ဒီဂီယာကို ကျော်လွန်ကာ ပေါ်တူဂီသားကို အသင်းခေါင်းဆောင်လက်ပတ်ပေးခဲ့တာဖြစ်ပါတယ်လို့ ရန်းနစ်က အတည်ပြုထားပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ရန်နစ်