ရှေ့သို့
Image

အငှားထက် အပြီးသတ်ဝယ်မှသာ အာသာကို လက်လွှတ်မယ့် ဂျူဗင်တပ်စ်

10:58 AM, 14 January

ဂျူဗင်တပ်စ်အသင်းက အာဆင်နယ်အနေနဲ့ အာသာကို လိုချင်တယ်ဆိုရင် အပြီးသတ်ခေါ်ယူရမယ်လို့ ပြောကြားလိုက်ပါတယ်။ အီတလီကလပ်  ဘရာဇီးသားသကို အခုအပြောင်းအရွှေ့မှာ လက်လွှတ်ချင်နေပြီး အငှားအပြင် အပြီးသတ်ဝယ်ယူခွင့်ပါမှ ခွင့်ပြုဖွယ်ရှိနေပါတယ်။

ဂျူဗင်တပ်စ်ဟာ အာသာအတွက် ပေါင် ၃၅ သန်းလောက်အလိုရှိနေပြီး အာဆင်နယ်အနေနဲ့ ထိပ်ဆုံး ၄ သင်းဝင်ခွင့်ရတယ်ဆို ဝယ်ယူရမယ်လို့ တောင်းဆိုဖွယ်ရှိနေပါတယ်။ အသက် ၂၅ နှစ်သားဟာ ဒီရာသီ အယ်လီဂရီရဲ့အသင်းမှာ မပါဝင်တော့တာဖြစ်ကာ ၂၀၂၀ တုန်းက ဘာစီလိုနာကနေ ပေါင် ၇၂.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

အာသာကိုယ်တိုင်ကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဘရာဇီးလူစာရင်းမှာ ပါဝင်ချင်နေပါတယ်။ "ဖြစ်နိုင်ချေအများကြီးရှိနေပါတယ်။ အာသာက ကစားချင်နေပါတယ်။ အာဆင်နယ်က သူ့ကို ပွဲထွက်ခွင့်ပေးနိုင်ပါတယ်"လို့ ကစားသမားနဲ့နီးစပ်တဲ့သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပါတေး နဲ့ အယ်လ်နီနီတို့ကို အာဖရိကဖလားပွဲစေလွှတ်ထားရတာကြောင့် ကွင်းလယ်မှာ လိုကွန်ဂါတစ်ဦးတည်းသာရှိတော့တာဖြစ်ပါတယ်။

#အာသာ #အာဆင်နယ် #ဂျူဗင်တပ်စ် #အပြောင်းအရွှေ့