ရှေ့သို့
Image

လီဗာပူး အသင်းနဲ့ပွဲက ဖြစ်ရပ်အတွက် အားလုံးကိုတောင်းပန်စကား ဆိုလိုက်တဲ့ ဇာခါ

9:56 AM, 14 January

အာဆင်နယ်အသင်းကွင်းလယ်လူ ဇာခါကတော့ လီဗာပူးအသင်းနဲ့ပွဲမှာ အနီကတ်ထိခဲ့တာနဲ့ ပတ်သက်ပြီး အားလုံးကို တောင်းပန်စကားဆိုခဲ့ကာ လီဗာပူးက ၁ ယောက်အသာနဲ့ကို အခွင့်အရေးမယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆွစ်ဇာလန်သားဟာ ပွဲကစားချိန် ၂၅ မိနစ်မှာ ဂျိုတာကို ဟန့်တားပုံကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၉ နှစ်သားဟာ ဒုတိယမြောက် အထုတ်ခံရခြင်းဖြစ်ကာ ၅ နှစ်ခွဲအတွင်း ၅ ကြိမ်မြောက် အထုတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ ဇာခါအထုတ်ခံခဲ့ရပေမယ့်လည်း အာဆင်နယ်ဟာ အန်ဖီးလ်မှာ ဝ-၀ သရေကန်နိုင်ခဲ့ပြီး ဖိုင်နယ်တက်နိုင်ဖို့ အခွင့်အရေးပိုကောင်းခဲ့ပါတယ်။

အဲ့နောက် ဇာခါက အာဆင်နယ်ပရိသတ်တွေ နဲ့ အားလုံးကို တောင်းပန်စကားဆိုခဲ့ပါတယ်။ "အားလုံးကို တောင်းပန်ချင်ပါတယ်။ ဒီနေ့ညမှာ အသင်းဖော်တွေအတွက်ကော အသင်းအတွက်ကော ဂုဏ်ယူပါတယ်"လို့ ဇာခါက အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

အနီကတ်ကြောင့် ဇာခါတစ်ယောက် တနင်္ဂနွေနေ့မှာကစားမယ့် တော့တင်ဟမ်အသင်းနဲ့ပွဲအပြင် ဒုတိယအကျော့ လီဗာပူးအသင်းနဲ့ပွဲကိုပါ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အာဆင်နယ်ဂန္ထဝင် အီယန်ရိုက်ကတော့ အသင်းဟာ ဇာခါလိုကစားသမားမျိုးလိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။

စကိုင်းစပေါ့တ်ဘောလုံးကျွမ်းကျင်သုံးသပ်သူ ကာရေဂါက ဇာခါရဲ့ဖျက်ထုတ်မှုဟာ ရုပ်သွပ်ဖွယ်ရာလို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ ကွင်းလယ်လူတွေမရှိပဲ တော့တင်ဟမ်အသင်းနဲ့ပွဲကို ရင်ဆိုင်ရမှာဖြစ်ကာ အာတီတာအတွက် ဖိအားတွေပိုများလာခဲ့ပါတယ်။

ပါတေး နဲ့ အယ်လ်နီနီတို့က အာဖရိကဖလားပွဲသွားကစားနေရသလို အိုဒီဂတ်ကလည်း ကိုဗစ်ကြောင့် လီဗာပူးနဲ့ပွဲကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ မစ်လန်းနိုင်းစ်ကတော့ အခုအပတ်တုန်းက ရိုးမားကို အငှားနဲ့ပြောင်းရွှေ့ခဲ့ကာ အသင်းမှာ လိုကွန်ဂါ နဲ့ ချာလီပါတီနိုတို့သာ ရှိနေပါတယ်။

အာဆင်နယ်ဟာ ကွင်းလယ်ပိုင်းအတွက် ဂျူဗင်တပ်စ်စတား အာသာမယ်လိုကို အငှားနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

#လီဗာပူး #အာဆင်နယ် #ဇာခါ