ရှေ့သို့
Image

မစ်ဒယ်ဘရော့အသင်းထံ အငှားရောက်သွားတဲ့ အာဆင်နယ်လူငယ်တိုက်စစ်မှူး ဘာလိုဂမ်

1:09 PM, 13 January

မစ်ဒယ်ဘရော့အသင်းဟာ အာဆင်နယ်လူငယ်တိုက်စစ်မှူး ဘာလိုဂမ်ကို ရာသီအကုန်အထိ အငှားဖြင့် ခေါ်ယူလိုက်ကြောင်း သိရှိရသည်။ အသက်၂၀အရွယ် ဘာလိုဂမ်ဟာ အင်္ဂါနေ့က ဆေးစစ်မှု ခံယူအပြီးမှာ ချန်ပီယံရှစ်ကလပ်နဲ့ စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ဂန်းနားလူငယ်ဟာ ပထမအသင်းမှာ ပုံမှန်နေရာရဖို့စိတ်အားထက်သန်နေပြီး ယခုရာသီမှာ အာဆင်နယ်အတွက် ၄ပွဲသာ ပါဝင်ကစားခဲ့ရကာ ပရီးမီးယားလိဂ်တွင် နောက်ဆုံး ပွဲထွက်ခဲ့တာကတော့ သြဂုတ်လက ဖြစ်ပါတယ်။ ၂၀၂၁ ဧပြီတွင် အာဆင်နယ်နဲ့ စာချုပ် ၄နှစ် ချုပ်ဆိုခဲ့ကာ အသင်းရဲ့ ကာလရှည်စီမံကိန်းမှာ ပါဝင်နေပေမယ့် ယခုနှစ်အတွင်း ပထမအသင်းမှာ ပွဲထွက်နေရာ ပျောက်ဆုံးနေခဲ့ပါတယ်။ လက်ရှိ ချန်ပီယံရှစ် play-off အဆင့်၇နေရာတွင် ရပ်တည်နေတဲ့ မစ်ဒယ်ဘရော့အသင်းထံ အငှားထွက်ကစားခြင်းအားဖြင့် သူရဲ့ ကစားသမားဘဝကို မြှင့်တင်ရာတွင် ကောင်းမွန်တဲ့ ပြောင်းရွှေ့မှု ဖြစ်လာနိုင်ပါတယ်။

ဘိုရိုနည်းပြ ခရစ်ဝှိုက်ဒါကလည်း ဘာလိုဂမ်အား ခေါ်ယူနိုင်ခြင်းနဲ့ပတ်သက်၍  “ကျွန်တော်တို့သူကို ခေါ်ယူနိုင်တဲ့အတွက် ဝမ်းသာမိပါတယ်။ သူက ကျွန်တော် အချိန်အတော်ကြာ သိခဲ့တဲ့ ကစားသမားပါ။ ဒုတိယရာသီဝက်မှာ အသင်းအတွက် တိုးတက်မှုတွေ ဖြစ်စေနိုင်မယ့်သူလို့ကျွန်တော်တို့ စံအဖြစ် သတ်မှတ်ခဲ့ပါတယ် သူမှာ ထင်ရှားတဲ့ လှုပ်ရှားမှု ကောင်းမွန်တဲ့ ပြေးအားတွေ  ရှိပြီး သဘာဝကပေးထားတဲ့ အဆုံးသတ်ကောင်းသူဖြစ်တယ် သူနဲ့လက်တွဲလုပ်သွားဖို့စောင့်မျှော်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

၂၀၂၀ အောက်တိုဘာလတွင် စီနီယာ ပွဲထွက်ရပြီး နောက်ပိုင်း ဘာလိုဂမ်ဟာ အာဆင်နယ်အတွက် ၁၀ပွဲ ကစားပေးထားပြီး ၂ဂိုး သွင်းယူထားပါတယ်။ နယူးယောက်နွယ်ဖွား ကစားသမားဟာ အာဆင်နယ်မှာ ဖလားပွဲ မကစားထားရတာကြောင့် အက်ဖ်အဖလား စတုတ္ထအဆင့်အဖြစ် လာမယ့်လတွင်ကစားမယ့် မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ဝင်ကန်ခွင့်ရှိထားပြီး ပါဝင်လာဖွယ် ရှိပါတယ်။

#အာဆင်နယ် #ဘာလိုဂမ် #မစ်ဒယ်ဘရော့စ်