ရှေ့သို့
Image

ညာတောင်ပံခံစစ်မှုးနေရာအတွက် လမ်တေးကို ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်

10:45 AM, 13 January

အိုးထရက်ဖို့ဒ်သို့ ညာတောင်ပံခံစစ်မှုးအသစ်ခေါ်ယူဖို့ ယူနိုက်တက်ဟာ ဘရိုက်တန်က လမ်တေးကို စိတ်ဝင်စားနေ ပါတယ်။ ယူနိုက်တက်ဟာ ဝမ်ဘစ်ဆာကာနှင့် ဒါလော့တို့ကို အဆင့်မြှင့်တင်ဖို့ရှိနေပြီး နောက်တန်း ၄ ဦး ကစားကွက်မှာ လမ်တေးက တောင်ပံခံစစ်မှုးအဖြစ် ကစားနိုင်တာကို သိရှိထားတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကစားသမားကိုယူနိုက်တက်က ပေါင်သန်း ၃၀ သာ ပေးချေလိုသော်လည်း ဘရိုက်တန် ဘက် က သန်း ၄၀ အလိုရှိနေပါတယ်။ လမ်တေးဟာ ဘရိုက်တန်သို့ ၂၀၂၀ ခုနှစ်မှာ ချဲလ်ဆီးကနေ ပြောင်းရွေ့လာသူဖြစ်ပြီး လန်ဒန်အခြေစိုက်ကလပ်မှာ ပရီးမီးယားလိဂ် ၃ ပွဲသာ ကစားခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ သူ့ရဲ့စွမ်းဆောင်ရည်များကြောင့် သဘောကျခြင်းခံခဲ့ရတာဖြစ်ပြီး အင်္ဂလန်ရဲ့ ယူ ၂၁ မှာ ခြေစွမ်းပြသ ခဲ့ပြီးနောက် အင်္ဂလန်စီနီယာအသင်းကြီးနည်းပြ ဆောက်ဂိတ်ရဲ့ နာမည်ပြောင်ပေးခြင်းကိုခံခဲ့ရသူဖြစ်ပါတယ်။ မတ်လတွင် တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့အတွက် လက်ရှိရာသီကို စက်တင်ဘာလမှ စတင်ကစားနိုင်ခဲ့တာ ဖြစ်ပြီး ဘရိုက်တန်နည်းပြ ပေါ်တာက သူ့ကိုပထမအသင်းသို့ ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟာ သူ့ကိုစိတ်ဝင်စားနေသော်လည်း ဈေးတစ်ဝက်လောက်သက်သာမယ့် ဝုဗ်က ထရာအိုရေးကိုသာ ခေါ်ယူဖို့ရှိနေပါတယ်။ အိုးထရက်ဖို့ဒ်သို့ရောက်ရှိကတည်းက ရန်းနစ်ဟာ ဝမ်ဘစ်ဆာကာနှင့် ဒါလော့တို့ကို တစ်လှည့်စီအဆုံးပြုနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဝမ်ဘစ်ဆာကာအတွက် ပဲလေ့စ်ကို ပေါင်သန်း ၅၀ ပေးချေခဲ့ရသော်လည်း တိုက်စစ်သို့ လုံလောက်မှုရှိစွာ လိုက်ပါကစားပေးနိုင်ခြင်းမရှိကာ ဒါလော့ကလည်း ခံစစ်မှု အားနည်းမှုရှိတယ်လို့ မှတ်ယူလို့ရနေတာဖြစ်ပါတယ်။ အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံး ၄သင်း အတွင်းသို့ဝင်ရောက်နိုင်ဖို့ ကွင်းလယ်ကစားသမားတစ်ဦးနှင့် ညာတောင်ပံခံစစ်မှုးတစ်ဦး ခေါ်ယူလိုနေကာ အဆိုပါနေရာတွေထဲကတစ်နေရာ ကို ယခုလမှာပဲ ခေါ်ယူသွားဖို့ရှိနေပါတယ်။ #မန်ချက်စတာယူနိုက်တက် #ဘရိုက်တန် #အပြောင်းအရွှေ့ #လမ်တေး